ပဲခူးတိုင်း၊ အုတ်ဖိုမြို့နယ်ရှိ ရန်ကုန်-ပြည်သွားကားလမ်းတွင် ယနေ့ မေ ၃၁ ရက်နေ့လည်ပိုင်းက (၆)ဘီးကားတစ်စီးတိမ်းမှောက်မှုဖြစ်ပွားခဲ့ကြောင်း ဓမ္မဝိဇယ သာရေးနာရေးကူညီမှုအသင်း(အုတ်ဖိုမြို့)ထံမှ သိရသည်။အုတ်ဖိုမြို့နယ်၊ ထောက်ကြန့်ကွင်းကျေးရွာရှိ ရန်ကုန်- ပြည်သွားကားလမ်းမကြီး၏ မိုင်တိုင်အမှတ် ၁၀၈/၁ တွင် (၆)ဘီးကားတစ်စီးတိမ်းမှောက်၍ အမျိုးသား(၁) ဦးမှာ အခင်းဖြစ်နေရာ၌ သေဆုံးသွားခဲ့ပြီး အမျိုးသား (၂)ဦးတွင်လည်း ထိခိုက်ဒဏ်ရာများ(စိုးရိမ်ရ)ရရှိခဲ့ကြောင်း သိရသည်။ထို့ကြောင့် သေဆုံးသူ၏ရုပ်အလောင်းနှင့် ထိခိုက်ဒဏ်ရာရသူ(၂)ဦးတို့အား လူမှုကူညီရေးအသင်းများက အေးမြသာယာဆေးရုံသို့ပို့ဆောင်ပေးခဲ့ကြကြောင်း သိရသည်။
May 31 • 12:19 PM
မြန်မာ
ပဲခူး
မျှဝေမည်
| 26 | 0 | 0 | 0 |


