back

မကွေးတိုင်းတွင် Quick Win စီမံချက်ကြောင့် အိမ်ထောင်စု (၆၉)စုရှိ မကြီးစမ်းကျေးရွာ မီးရရှိ

May 31 • 12:18 PM

breaking-news

မြန်မာ

မကွေး

cover

မကွေးတိုင်းတွင် Quick Win စီမံချက်ကြောင့် အိမ်ထောင်စု (၆၉)စုရှိ မကြီးစမ်းကျေးရွာ မီးရရှိ

မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့၏ Quick Win စီမံချက်ကြောင့် မကြီးစမ်းကျေးရွာရှိ လူဦးရေ (၃၅၀)၊ အိမ်ထောင်စု (၆၉)စုမှာ လျှပ်စစ်မီးများ စတင်သုံးစွဲနိုင်ပြီဖြစ်ကြောင်း ...

မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့၏ Quick Win စီမံချက်ကြောင့် မကြီးစမ်းကျေးရွာရှိ လူဦးရေ (၃၅၀)၊ အိမ်ထောင်စု (၆၉)စုမှာ လျှပ်စစ်မီးများ စတင်သုံးစွဲနိုင်ပြီဖြစ်ကြောင်း သိရသည်။ထိုသို့ မီးပေးနိုင်ရန် တိုင်းဒေသကြီးရန်ပုံငွေမှ သိန်း (၈၃၀)ခန့် အကုန်အကျခံပြီးဆောင်ရွက်ပေးခဲ့ခြင်း ဖြစ်သည်။မီးလင်းရေးဖွင့်ပွဲအခမ်းအနားကို မေ ၂၉ ရက် နံနက်ကပြုလုပ်ခဲ့ပြီး တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်ကို၊ မကွေးတိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌ ဒေါက်တာမောင်မောင်ဌေး၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ တိုင်းဒေသကြီး၊ ခရိုင်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ အဆိုပါကျေးရွာများမှ ဒေသခံပြည်သူများ တက်ရောက်ခဲ့ကြသည်။

news-view-count-icon

32