back

အောင်လံကုန်စည်ဒိုင်တွင် မေလတတိယအပတ်၌ နှမ်းနက်နှင့် နှမ်းပြာဈေးကျဆင်း

May 31 • 12:17 PM

breaking-news

မြန်မာ

မကွေး

cover

အောင်လံကုန်စည်ဒိုင်တွင် မေလတတိယအပတ်၌ နှမ်းနက်နှင့် နှမ်းပြာဈေးကျဆင်း

မကွေးတိုင်းဒေသကြီး၊ အောင်လံကုန်စည်ဒိုင်တွင် နှမ်းမျိုးစုံ ဝင်ရောက်လျက်ရှိပြီး နှမ်းနက်(စမုံ)၊ နှမ်းပြာ၊ နှမ်းဖြူနှင့် နှမ်းနီတို့ အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း ...

မကွေးတိုင်းဒေသကြီး၊ အောင်လံကုန်စည်ဒိုင်တွင် နှမ်းမျိုးစုံ ဝင်ရောက်လျက်ရှိပြီး နှမ်းနက်(စမုံ)၊ နှမ်းပြာ၊ နှမ်းဖြူနှင့် နှမ်းနီတို့ အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း သိရသည်။ 

၂၀၂၆ ခုနှစ် မေလ ဒုတိယအပတ်အတွင်း နှမ်းနက်(စမုံ) ၄၅ ပိဿာ ၃ တင်းလျှင် ကျပ် ၆၅၀,၀၀၀၊ နှမ်းပြာ ၄၅ ပိဿာ ၃ တင်းလျှင် ကျပ် ၆၁၀,၀၀၀၊ နှမ်းဖြူ ၄၅ ပိဿာ ၃ တင်းလျှင် ကျပ် ၄၂၀,၀၀၀ နှင့် နှမ်းနီ ၄၅ ပိဿာ ၃ တင်းလျှင် ကျပ် ၄၂၀,၀၀၀ ဈေးဖြင့် အရောင်းအဝယ်ဖြစ်ခဲ့ကြောင်း သိရသည်။ ထို့ပြင် ၂၀၂၆ ခုနှစ် မေလ တတိယအပတ်တွင် နှမ်းနက်(စမုံ) ၄၅ ပိဿာ ၃ တင်းလျှင် ကျပ် ၆၀၀,၀၀၀၊ နှမ်းပြာ ၄၅ ပိဿာ ၃ တင်းလျှင် ကျပ် ၅၆၀,၀၀၀၊ နှမ်းဖြူ ၄၅ ပိဿာ ၃ တင်းလျှင် ကျပ် ၄၂၀,၀၀၀ နှင့် နှမ်းနီ ၄၅ ပိဿာ ၃ တင်းလျှင် ကျပ် ၄၂၀,၀၀၀ ဈေးတို့ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း သိရသည်။ 

news-view-count-icon

22