မိုးတွင်းကာလ၌ ဆီသယ်ယာဉ်များကြံ့ခိုင်မှုရှိစေရေးနှင့် ဆီပေပါများအတွင်းရေစိမ့်ဝင်ခြင်း ရှိ/မရှိစစ်ဆေးရန် မြန်မာနိုင်ငံ ဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်း ဒု-ဥက္ကဋ္ဌ၊ ဆီကန်ကြီးကြပ်ရေးအဖွဲ့ခေါင်းဆောင် ဦးဌေးမိုးက ဆွေးနွေးပြောကြားသည်။ပြီးခဲ့သည့် မေ ၂၉ ရက်ကပြုလုပ်သည့် မြန်မာနိုင်ငံ ဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်း၏ ဆီကန်ကြီးကြပ်ရေးကော်မတီအဖွဲ့ဝင်များနှင့် လုပ်ငန်းညှိနှိုင်းအ စည်းအဝေးတွင် ဆွေးနွေးပြောကြားခဲ့ခြင်းဖြစ်သည်။သသဘာဝဘေးအန္တရာယ်နှင့် ငလျင်အန္တရာယ်များအတွက်တည်ဆောက်ထားသည့် ဆီသိုလှောင်ကန်များနှင့် ပတ်သက်သည့် Structural Analysis Data များပြုစုပြီး ကျွမ်းကျင်ပညာရှင်များနှင့် စစ်ဆေးရန်၊ Weigh Scale Calibration ပြုလုပ်ရန်၊ CCTV Records များ စနစ်တကျထားရှိရန် ဆွေးနွေးပြောကြားသည်။
မိုးတွင်းကာလ၌ ဆီသယ်ယာဉ်များကြံ့ခိုင်မှုရှိစေရေး၊ ဆီပေပါများအတွင်းရေစိမ့်ဝင်ခြင်း ရှိ/မရှိစစ်ဆေးရန် ဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်း ဒု-ဥက္ကဋ္ဌဆွေးနွေး
May 31 • 12:15 PM
မြန်မာ
ပြည်တွင်း
မျှဝေမည်
| 31 | 0 | 0 | 0 |


