back

မန္တလေးတိုင်း ချမ်းအေးသာစံမြို့နယ်၌ အဆောက်အအုံတစ်ခုတွင် မိနစ်အနည်းငယ်ခန့်ကြာ မီးလောင်မှုဖြစ်

May 31 • 12:12 PM

breaking-news

မြန်မာ

မန္တလေး

cover

မန္တလေးတိုင်း ချမ်းအေးသာစံမြို့နယ်၌ အဆောက်အအုံတစ်ခုတွင် မိနစ်အနည်းငယ်ခန့်ကြာ မီးလောင်မှုဖြစ်

မန္တလေးတိုင်း၊ ချမ်းအေးသာစံမြို့နယ်ရှိ အဆောက်အအုံတစ်ခုတွင် ယနေ့ မေ ၃၁ ရက်နံနက် ၉ နာရီ ၁၂ မိနစ်ခန့်က မိနစ်အနည်းငယ်ခန့်ကြာသည့် မီးလောင်မှုတစ်ခုဖြစ်ပွားခဲ့သည်။ချမ်...

မန္တလေးတိုင်း၊ ချမ်းအေးသာစံမြို့နယ်ရှိ အဆောက်အအုံတစ်ခုတွင် ယနေ့ မေ ၃၁ ရက်နံနက် ၉ နာရီ ၁၂ မိနစ်ခန့်က မိနစ်အနည်းငယ်ခန့်ကြာသည့် မီးလောင်မှုတစ်ခုဖြစ်ပွားခဲ့သည်။ချမ်းအေးသာစံမြို့နယ်၊ မောရဂီဝါရပ်ကွက်၊ အကွက်အမှတ်(၇၀၆)၊ ၇၆ လမ်း၊ ၃၂x၃၃ လမ်းကြားရှိအဆောက်အအုံတစ်ခုတွင် မီးလောင်မှုဖြစ်ပွား၍ ချမ်းအေးသာစံမြို့နယ်မီးသတ်စခန်း၊ ကဉ္စဏမဟီအရန်မီးသတ်စခန်း၊ ဟေမာဇလအရန်မီးသတ်စခန်း၊ ပြည်ကြီးမျက်ရှင်အရန်မီးသတ်စခန်းတို့မှတပ်ဖွဲ့ဝင်များကငြှိမ်းသတ်ခဲ့ကြသဖြင့် နံနက် ၉ နာရီ ၁၆ မိနစ်တွင်မီးငြိမ်းသွားခဲ့သည်။မီးလောင်မှုစတင်ဖြစ်ပွားရသည့်အကြောင်းရင်းနှင့် ပျက်စီးဆုံးရှုံးမှုတန်ဖိုးကို သက်ဆိုင်ရာမီးသတ်တပ်ဖွဲ့တာဝန်ရှိသူများက စစ်ဆေးခဲ့ကြသည်။

news-view-count-icon

27