back

မေ ၃၀ မှ ဇွန် ၅ ရက်အတွင်း မြန်မာတစ်နိုင်ငံလုံးနှင့် ရှမ်းပြည်နယ်၌ မိုးသည်းထန်စွာရွာသွန်းပြီး ရေကြီးမြေပြိုနိုင်၍ သတိပြုရန် မိုးဇလပညာရှင် သတိပေး

May 31 • 12:09 PM

breaking-news

မြန်မာ

ပြည်တွင်း

cover

မေ ၃၀ မှ ဇွန် ၅ ရက်အတွင်း မြန်မာတစ်နိုင်ငံလုံးနှင့် ရှမ်းပြည်နယ်၌ မိုးသည်းထန်စွာရွာသွန်းပြီး ရေကြီးမြေပြိုနိုင်၍ သတိပြုရန် မိုးဇလပညာရှင် သတိပေး

မိုးလေဝသပညာရှင် ဦးဝင်းနိုင်၏ သုံးသပ်ချက်အရ ပစိဖိတ်သမုဒ္ဒရာရှိ တိုင်ဖွန်းမုန်တိုင်း JANGMI အရှိန်ကြောင့် အနောက်တောင်မုတ်သုံလေ ပိုမိုအားကောင်းလာပြီး မေ ၃၀ ရက်မှ ဇ...

မိုးလေဝသပညာရှင် ဦးဝင်းနိုင်၏ သုံးသပ်ချက်အရ ပစိဖိတ်သမုဒ္ဒရာရှိ တိုင်ဖွန်းမုန်တိုင်း JANGMI အရှိန်ကြောင့် အနောက်တောင်မုတ်သုံလေ ပိုမိုအားကောင်းလာပြီး မေ ၃၀ ရက်မှ ဇွန် ၅ ရက်အတွင်း မြန်မာတစ်နိုင်ငံလုံးနှင့် ရှမ်းပြည်နယ်တို့တွင် မိုးကျယ်ပြန့်စွာ ရက်ဆက်သည်းထန်စွာ ရွာသွန်းကာ ပုံမှန်ရာသီမိုးအဖြစ်သို့ ကူးပြောင်းသွားမည် ဖြစ်သည်။ မေ ၃၁ မှ ဇွန် ၂ ရက်အတွင်း မုတ်သုံလေသည် ရှမ်းပြည်နယ်သို့ အပြည့်အဝဝင်ရောက်မည်ဖြစ်၍ ဇွန် ၃ မှ ၅ ရက်အတွင်း ကလော၊ ပင်လောင်းနှင့် နောင်ချိုဂုတ်တွင်းလမ်းပိုင်းများ၌ မြေပြိုခြင်းများ ဖြစ်ပွားနိုင်သကဲ့သို့၊ မြန်မာနိုင်ငံအောက်ပိုင်း၊ ကမ်းရိုးတန်းနှင့် ချင်းပြည်နယ်တို့တွင်လည်း စုစုပေါင်းမိုးရေချိန် လွန်ကဲစွာစုဆောင်းမိနိုင်သဖြင့် လျှပ်တစ်ပြက်ရေကြီးခြင်း၊ မြစ်ရေလျှံခြင်းနှင့် မြေပြိုခြင်းဘေးအန္တရာယ်များကို အထူးသတိပြုရန် လိုအပ်သည်။ သို့သော် ယခုရရှိမည့် မိုးဦးကျမိုးရေချိန်သည် မြေဆီလွှာအစိုဓာတ်ကို ကောင်းစွာဖြည့်တင်းပေးမည်ဖြစ်၍ ရှမ်းပြည်နယ်ကုန်းမြင့်သီးနှံများနှင့် မြေပြန့်ဒေသ မိုးစပါး၊ မိုးဦးသီးနှံများအတွက် လယ်ယာမြေပြုပြင်ခြင်းနှင့် မျိုးစေ့ချခြင်းလုပ်ငန်းများကို အရှိန်အဟုန်မြှင့် ဆောင်ရွက်နိုင်ပြီဖြစ်ကြောင်း သိရသည်။

news-view-count-icon

54