back

မန္တလေးတွင် ချန်ပီယံလိဂ်ဗိုလ်လုပွဲကြည့်ရင်း စနောက်ရာမှ ရိုက်နှက်မှုဖြစ်ပွား၊ ရန်ကုန်တွင် ဖျော်ဖြေရေးလုပ်ငန်းများကို ည ၁၁ နာရီပိတ်ခိုင်းနေ

May 31 • 12:05 PM

breaking-news

မြန်မာ

မန္တလေး

cover

မန္တလေးတွင် ချန်ပီယံလိဂ်ဗိုလ်လုပွဲကြည့်ရင်း စနောက်ရာမှ ရိုက်နှက်မှုဖြစ်ပွား၊ ရန်ကုန်တွင် ဖျော်ဖြေရေးလုပ်ငန်းများကို ည ၁၁ နာရီပိတ်ခိုင်းနေ

မန္တလေးမြို့၊ ချမ်းအေးသာစံမြို့နယ်ရှိ စားသောက်ဆိုင်တစ်ခုတွင် မေလ ၃၀ ရက် ညပိုင်းက ဟန်ဂေရီနိုင်ငံ ပွတ်စ်ကပ်စ်အားကစားကွင်း (Puskás Arena) ၌ ကျင်းပသည့် အာဆင်နယ်နှင့...

မန္တလေးမြို့၊ ချမ်းအေးသာစံမြို့နယ်ရှိ စားသောက်ဆိုင်တစ်ခုတွင် မေလ ၃၀ ရက် ညပိုင်းက ဟန်ဂေရီနိုင်ငံ ပွတ်စ်ကပ်စ်အားကစားကွင်း (Puskás Arena) ၌ ကျင်းပသည့် အာဆင်နယ်နှင့် PSG အသင်းတို့၏ ဥရောပချန်ပီယံလိဂ် ဗိုလ်လုပွဲစဉ် ပြသနေစဉ်အတွင်း လာရောက်ကြည့်ရှုသူ ပရိသတ်များအချင်းချင်း စနောက်ကြရာမှ ဒဏ်ရာရရှိသည်အထိ ထိုးကြိတ်ရိုက်နှက်မှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။ လူမှုကွန်ရက်ပေါ်တွင် ပျံ့နှံ့လာသည့် ရုပ်သံဖိုင်များအရ လူငယ်အမျိုးသားတစ်ဦး ခေါင်းကွဲပြီး သွေးထွက်ဒဏ်ရာရရှိခဲ့သည်ကို တွေ့ရှိရပြီး၊ ယင်းဖြစ်စဉ်အပြင် ရန်ကုန်မြို့ရှိ ဘား (Bar) နှင့် ကေတီဗီ (KTV) ကဲ့သို့သော ဖျော်ဖြေရေးလုပ်ငန်းများကိုလည်း လက်ရှိတွင် ည ၁၁ နာရီ နောက်ဆုံးထား၍ ပိတ်ခိုင်းမှုများ ရှိနေကြောင်း သိရသည်။

news-view-count-icon

21