ထိုင်းနိုင်ငံ၊ Pathum Thani ပြည်နယ်၊ Thanyaburi မြို့ရှိ Khlong 10 အနီး လမ်းမကြီးပေါ်တွင် ယနေ့ (မေလ ၃၁ ရက်) နံနက်အစောပိုင်း ၁ နာရီဝန်းကျင်က မော်တော်ဆိုင်ကယ်တစ်စီး အရှိန်လွန်ကာ လမ်းလယ်ကျွန်း အတားအဆီးကို ပြင်းထန်စွာ ဝင်ရောက်တိုက်မိသဖြင့် ဆိုင်ကယ်ပေါ်ပါလာသည့် အသက် ၂၄ နှစ်အရွယ် မြန်မာနိုင်ငံသား ကိုစိုင်းနှင့် အသက် ၂၆ နှစ်အရွယ် မကေ (မြန်မာနိုင်ငံသူဟု ယူဆရသူ) တို့ နှစ်ဦးစလုံး နေရာ၌ပင် သေဆုံးသွားခဲ့ကြောင်း သိရသည်။ အရှိန်ပြင်းလွန်းမှုကြောင့် အမျိုးသမီးဖြစ်သူမှာ ဦးခေါင်းပြတ်ထွက်သွားခဲ့ပြီး အမျိုးသားဖြစ်သူ၏ ရုပ်အလောင်းမှာလည်း လမ်းတစ်ဖက်ခြမ်းသို့ လွင့်စင်သွားခဲ့ရသည်။ ရဲတပ်ဖွဲ့၏ စုံစမ်းချက်အရ ၎င်းတို့စီးနင်းလာသည့် Honda Forza 350 မော်တော်ဆိုင်ကယ်သည် တံတားပေါ်မှ အရှိန်ပြင်းစွာ မောင်းနှင်ဆင်းလာပြီး ရှေ့ကကားကို ကျော်တက်ကာ ညာဘက်လမ်းကြောထဲ အရှိန်ဖြင့် ကွေ့ဝင်စဉ် ထိန်းချုပ်မှုလွတ်ကာ လမ်းလယ်ကျွန်းကို တိုက်မိခြင်းဖြစ်ပြီး၊ ဆိုင်ကယ်မှာ မီတာ ၂၀ ခန့်အထိ လဲကျလျှောတိုက်သွားခဲ့သည်။ လတ်တလောတွင် အခြားယာဉ်များနှင့် ငြိစွန်းမှု ရှိ၊ မရှိ သေချာစေရန် ရဲတပ်ဖွဲ့က အနီးနားရှိ CCTV မှတ်တမ်းများကို စစ်ဆေးကာ အမှုမှန်ဖော်ထုတ်ရန် လုပ်ဆောင်နေပြီး၊ သေဆုံးသူများ၏ ရုပ်အလောင်းများကို ဆေးရုံသို့ ပို့ဆောင်ထားရှိကြောင်း သိရသည်။
ထိုင်းနိုင်ငံ Pathum Thani တွင် ဆိုင်ကယ်အရှိန်လွန် တိုက်မိမှုဖြစ်ပွားပြီး မြန်မာနိုင်ငံသား ၂ ဦး သေဆုံး
May 31 • 11:58 AM
ထိုင်း
ပြည်တွင်းသတင်း
မျှဝေမည်
| 6 | 0 | 0 | 0 |


