back

မွန်အမျိုးသားကျောင်းမှ အစိုးရကျောင်းပြောင်းမည့် ကျောင်းသားများ Placement Test ဖြေဆိုအောင်မြင်မှသာ တက်ရောက်ခွင့်ရမည်

May 31 • 11:57 AM

breaking-news

မြန်မာ

မွန်

cover

မွန်အမျိုးသားကျောင်းမှ အစိုးရကျောင်းပြောင်းမည့် ကျောင်းသားများ Placement Test ဖြေဆိုအောင်မြင်မှသာ တက်ရောက်ခွင့်ရမည်

မွန်အမျိုးသားကျောင်းများမှ အစိုးရအခြေခံပညာကျောင်းများသို့ ပြောင်းလဲတက်ရောက်လိုသည့် ကျောင်းသား၊ ကျောင်းသူများအနေဖြင့် ယခင်ကဲ့သို့ ကျောင်းပြောင်းရွှေ့ထောက်ခံချက်ဖ...

မွန်အမျိုးသားကျောင်းများမှ အစိုးရအခြေခံပညာကျောင်းများသို့ ပြောင်းလဲတက်ရောက်လိုသည့် ကျောင်းသား၊ ကျောင်းသူများအနေဖြင့် ယခင်ကဲ့သို့ ကျောင်းပြောင်းရွှေ့ထောက်ခံချက်ဖြင့် တိုက်ရိုက်ပြောင်းရွှေ့ခွင့်မရတော့ဘဲ Placement Test (အဆင့်သတ်မှတ်ချက်စစ်ဆေးခြင်း) ဖြေဆိုအောင်မြင်မှသာ တက်ရောက်ခွင့်ပြုတော့မည်ဖြစ်ကြောင်း သိရသည်။ ပညာရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရ အဆိုပါ Placement Test ကို လာမည့် ဇွန်လ ၁၅ ရက်မှ ၂၀ ရက်အထိ သက်ဆိုင်ရာ မြို့နယ်စာစစ်ဌာနများတွင် ကျင်းပသွားမည်ဖြစ်ပြီး ဇွန်လ ၅ ရက်နေ့ကို နောက်ဆုံးထား၍ လျှောက်ထားရမည်ဖြစ်သည်။ အဆိုပါ စာမေးပွဲကို အောင်မြင်သည့် ကျောင်းသား၊ ကျောင်းသူများကိုသာ လာမည့် ၂၀၂၆-၂၀၂၇ ပညာသင်နှစ်မှစတင်ကာ အစိုးရအခြေခံပညာကျောင်းများ၌ ပြန်လည်တက်ရောက်ခွင့်ပြုသွားမည်ဖြစ်ကြောင်း သိရသည်။

news-view-count-icon

31