ရှမ်းပြည်နယ်တောင်ပိုင်း နမ့်စန်နှင့် ဆီဆိုင်မြို့နယ်တို့တွင် ယခုတစ်ပတ်အတွင်း မိုးအဆက်မပြတ် သည်းထန်စွာ ရွာသွန်းခဲ့မှုကြောင့် ခန့်မှန်းခြေ နာနတ်စိုက်ခင်း ဧက ၅၀ ဝန်းကျင် ရေစိမ့်ဝင်ကာ အမြစ်ပုတ်ခြင်း၊ အမြစ်လောင်ခြင်းများဖြစ်ပွားပြီး ပျက်စီးဆုံးရှုံးမှုများနှင့် ကြုံတွေ့နေရကြောင်း သိရသည်။ နာနတ်ပင်အတွင်းပိုင်းသို့ မိုးရေစိမ့်ဝင်မှုကြောင့် အပင်ပေါ်တွင် နှင်းကျထားသကဲ့သို့ ပုံစံမျိုးဖြင့် ခြောက်သွေ့ကာ အပင်တစ်ပင်လုံး သေဆုံးသွားခြင်းဖြစ်ပြီး၊ ယခုကဲ့သို့ အခင်းလိုက် ပမာဏကြီးမားစွာ ပျက်စီးမှုကို နှစ်ပေါင်း ၂၀ အတွင်း ပထမဆုံးအကြိမ် ဆိုးရွားစွာ ကြုံတွေ့ရခြင်းဖြစ်ကြောင်း ဒေသခံတောင်သူများက ပြောသည်။ နာနတ်သီးမှာ စိုက်ပျိုးပြီး ၂ နှစ်မှ ၃ နှစ်ကြာမှသာ ခူးဆွတ်ရသည့် သီးနှံဖြစ်ပြီး လက်ရှိတွင် ခူးဆွတ်ခါနီး အသီးထွက်ရှိနေပြီဖြစ်သော အပင်များ ပျက်စီးသွားခဲ့ခြင်းဖြစ်၍ တောင်သူများအနေဖြင့် အရင်းအနှီးနှင့် အချိန်များစွာ အရှုံးပေါ်ကာ စိတ်ဓာတ်ကျမှုများ ကြုံတွေ့နေရကြောင်း သိရသည်။
ရှမ်းပြည်နယ်တောင်ပိုင်းနမ့်စန်နှင့် ဆီဆိုင်တွင် မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် နာနတ်စိုက်ခင်းများ ပျက်စီး၊ တောင်သူများ အရှုံးပေါ်
May 31 • 11:56 AM
မြန်မာ
ရှမ်း
မျှဝေမည်
| 41 | 0 | 0 | 0 |


