ယမန်နေ့က ကစားခဲ့သည့် ဥရောပချန်ပီယံလိဂ် ဗိုလ်လုပွဲတွင် အာဆင်နယ်အသင်းကို ပင်နယ်တီအဆုံးအဖြတ်ဖြင့် အနိုင်ယူကာ နှစ်ကြိမ်ဆက်တိုက် ချန်ပီယံဖြစ်သွားခဲ့သော ပီအက်စ်ဂျီ (PSG) အသင်း၏ အောင်ပွဲခံမှုများအတွင်း ဘောလုံးပရိသတ်များနှင့် ရဲတပ်ဖွဲ့ကြား ထိပ်တိုက်တွေ့မှုများ ဖြစ်ပွားခဲ့သဖြင့် ပြင်သစ်တစ်နိုင်ငံလုံးတွင် လူပေါင်း ၄၁၆ ဦး ဖမ်းဆီးခံခဲ့ရကြောင်း သိရသည်။ မြို့တော်ပါရီတွင် ဖမ်းဆီးခံရသူ ၂၈၀ ဦးအထိ ရှိခဲ့ပြီး မငြိမ်သက်မှုများကို ထိန်းချုပ်ရန် ရဲတပ်ဖွဲ့ဝင် ထောင်ပေါင်းများစွာကို အင်အားသုံး တာဝန်ချထားခဲ့ရသည့်အပြင် လူစုခွဲရန်အတွက် မျက်ရည်ယိုဗုံးများပါ အသုံးပြုခဲ့ရသည်။ အဆိုပါ ရုန်းရင်းဆန်ခတ်မှုများအတွင်း ကားများ၊ လျှပ်စစ်ဆိုင်ကယ်များ မီးရှို့ခံရခြင်း၊ ဆိုင်ပြတင်းပေါက်များ ရိုက်ခွဲခံရခြင်း၊ ဘတ်စ်ကားနှင့် ရထားသယ်ယူပို့ဆောင်ရေးလုပ်ငန်းများ ထိခိုက်ပျက်စီးခြင်းများ ကြုံတွေ့ခဲ့ရပြီး မီးရှူးမီးပန်းများဖြင့် အကြမ်းဖက်ပစ်လွှတ်မှုကြောင့် ရဲတပ်ဖွဲ့ဝင် ၇ ဦး ဒဏ်ရာရရှိခဲ့သည်။ ပြင်သစ်ပြည်ထဲရေးဝန်ကြီး လောရင့်နူနက်ဇ် (Laurent Nuñez) က ယခုကဲ့သို့ မငြိမ်မသက်မှုများ ဖြစ်ပေါ်ခြင်းမှာ လုံးဝလက်ခံနိုင်စရာမရှိကြောင်း ပြောကြားခဲ့ပြီး၊ ပါရီမြို့တွင် PSG အသင်း၏ အောင်ပွဲခံမှုများနှင့်အတူ ဘောလုံးနှင့်ဆက်စပ်သည့် အကြမ်းဖက်မှုများကို နှစ်နှစ်ဆက်တိုက် မြင်တွေ့ခဲ့ရခြင်းဖြစ်ကြောင်း သိရသည်။
PSG အသင်း ချန်ပီယံလိဂ်ဖလား ဆွတ်ခူးအပြီး ကြမ်းတမ်းစွာ အောင်ပွဲခံမှုကြောင့် ပြင်သစ်တွင် လူပေါင်း ၄၀၀ ကျော် ဖမ်းဆီးခံရ
May 31 • 11:55 AM
မြန်မာ
ပြည်ပ
မျှဝေမည်
| 38 | 0 | 0 | 0 |


