back

အင်္ဂလန်တောင်ပံကစားသမား စတာလင် မူးယစ်ဆေးဝါး/အရက်သောက်စားပြီး ယာဉ်မောင်းမှုဖြင့် ဖမ်းဆီးခံရ

May 31 • 11:54 AM

breaking-news

မြန်မာ

ပြည်ပ

cover

အင်္ဂလန်တောင်ပံကစားသမား စတာလင် မူးယစ်ဆေးဝါး/အရက်သောက်စားပြီး ယာဉ်မောင်းမှုဖြင့် ဖမ်းဆီးခံရ

အင်္ဂလန်ဝါရင့် တောင်ပံကစားသမား ရာဟင်းမ် စတာလင် (Raheem Sterling) သည် မူးယစ်သောက်စားပြီး ယာဉ်မောင်းနှင်မှု၊ အဝေးပြေးလမ်းရှိ အကာအရံများကို တိုက်မိမှုတို့ဖြင့် ဖမ်...

အင်္ဂလန်ဝါရင့် တောင်ပံကစားသမား ရာဟင်းမ် စတာလင် (Raheem Sterling) သည် မူးယစ်သောက်စားပြီး ယာဉ်မောင်းနှင်မှု၊ အဝေးပြေးလမ်းရှိ အကာအရံများကို တိုက်မိမှုတို့ဖြင့် ဖမ်းဆီးခံခဲ့ရကြောင်း သိရသည်။ အသက် ၃၁ နှစ်အရွယ် စတာလင်သည် ၎င်း၏ လမ်ဘော်ဂီနီ (Lamborghini) ကားဖြင့် ပြီးခဲ့သည့် ကြာသပတေးနေ့နံနက်ပိုင်းက ဟမ့်ရှိုင်းယားရှိ M3 အဝေးပြေးလမ်းမပေါ်တွင် လမ်းအကာအရံများကို တိုက်မိခဲ့ခြင်းဖြစ်ပြီး၊ ဖမ်းဆီးခံရပြီးနောက် လက်ရှိတွင် အာမခံဖြင့် ပြန်လည်လွတ်မြောက်လာခဲ့သည်။ စတာလင်သည် ပြီးခဲ့သည့် ဇန်နဝါရီလက ချယ်လ်ဆီးအသင်းနှင့် လမ်းခွဲခဲ့ပြီးနောက် ဒတ်ချ်ကလပ် ဖီယင်နု (Feyenoord) အသင်းသို့ ရာသီကုန်အထိ ပြောင်းရွှေ့ကစားခဲ့သော်လည်း ပြိုင်ပွဲစုံတွင် ၈ ပွဲသာ ကစားခွင့်ရရှိခဲ့ကြောင်း သိရသည်။

news-view-count-icon

32