မွန်ပြည်နယ်၊ ပေါင်မြို့နယ်ရှိ အခြေခံပညာအထက်တန်းကျောင်း (ရင်းငြိမ်) ၌ ယနေ့ (မေလ ၃၁ ရက်) နံနက် ၈ နာရီမှစတင်ကာ အထူးကုဆရာဝန်ကြီးများ ပါဝင်သည့် ကျန်းမာရေးဆေးအဖွဲ့က ဒေသခံပြည်သူများကို ကွင်းဆင်းစမ်းသပ်ကုသပေးနေကြောင်း ဒေသခံများထံမှ သိရသည်။ အဆိုပါ ကျန်းမာရေးစောင့်ရှောက်မှုကို အစိုးရသစ်၏ ရက်တစ်ရာစီမံချက်အရ ဆောင်ရွက်ခြင်းဖြစ်ပြီး၊ မွန်ပြည်နယ်အခြေစိုက် မျက်စိ၊ သွား၊ သားဖွားမီးယပ်၊ အထွေထွေရောဂါ၊ အရေပြား၊ ကလေး၊ နား၊ နှာခေါင်း၊ လည်ချောင်း အထူးကုဆရာဝန်ကြီးများ အပါအဝင် စုစုပေါင်း အထူးကုအဖွဲ့ ၁၀ ဖွဲ့ လိုက်ပါလာကာ လာရောက်ကုသပေးနေခြင်း ဖြစ်ကြောင်း သိရသည်။
မွန်ပြည်နယ် ပေါင်မြို့နယ်တွင် အထူးကုဆရာဝန်ကြီး ၁၀ ဖွဲ့ပါဝင်သည့် ဆေးအဖွဲ့ ကွင်းဆင်းကုသမှုများ ဆောင်ရွက်ပေးနေ
May 31 • 11:53 AM
မြန်မာ
မွန်
မျှဝေမည်
| 40 | 0 | 0 | 0 |


