ဥရောပချန်ပီယံလိဂ် ဗိုလ်လုပွဲစဉ်အပြီးတွင် ပွဲစဉ်တစ်လျှောက် အကောင်းဆုံးကစားသမားဆု (Player of the Match) ကို PSG အသင်း၏ ပေါ်တူဂီကွင်းလယ်လူ ဗီတင်ညာ (Vitinha) က ထိုက်ထိုက်တန်တန် ဆွတ်ခူးရရှိခဲ့ကြောင်း သိရသည်။ ဗီတင်ညာအတွက် ယခုဆုသည် ယခုရာသီ ချန်ပီယံလိဂ်ပြိုင်ပွဲအတွင်း ဒုတိယအကြိမ်မြောက် ရရှိသည့် ပွဲစဉ်အလိုက်အကောင်းဆုံးဆုဖြစ်ပြီး၊ ၎င်းသည် ယခင် League Phase အဆင့်တွင် စပါးအသင်းကို အနိုင်ရရှိခဲ့သည့်ပွဲစဉ်၌လည်း အကောင်းဆုံးကစားသမားဆုကို ပထမအကြိမ် ဆွတ်ခူးရရှိထားခဲ့သူ ဖြစ်သည်။
May 31 • 10:33 AM
မြန်မာ
ပြည်ပ
မျှဝေမည်
| 33 | 0 | 0 | 0 |


