စစ်ကိုင်းတိုင်းဒေသကြီးအတွင်း ၂၀၂၆-၂၀၂၇ ဘဏ္ဍာရေးနှစ်တွင် ပဲတီစိမ်းဧကပေါင်း ၅.၇ သိန်းကျော် စိုက်ပျိုးသွားရန် လျာထားကြောင်း စစ်ကိုင်းတိုင်းဒေသကြီးဦးစီးမှူးရုံးမှ သိရသည်။ လျာထားစိုက်ပျိုးမည့် ပဲတီစိမ်းဧကများတွင် မိုးပဲတီစိမ်းဧက ၄.၇ သိန်းကျော်နှင့် ဆောင်းပဲတီစိမ်းဧက ၁ သိန်းခန့် ပါဝင်ကြောင်း သိရသည်။ ထို့ပြင် မေလ တတိယအပတ်အတွင်း မုံရွာကုန်စည်ဒိုင်၌ ပဲတီစိမ်းအရောင်းအဝယ်များ ဆက်လက်ဖြစ်ပေါ်နေပြီး ပဲတီစိမ်းကြီး တစ်တင်းလျှင် ကျပ် ၉၀,၀၀၀ မှ ၁၀၂,၀၀၀ အထိရှိကာ ပဲတီစိမ်းသေး တစ်တင်းလျှင် ကျပ် ၉၅,၀၀၀ မှ ၁၀၀,၀၀၀ အထိ ပေါက်ဈေးရှိကြောင်း သိရသည်။ ယခင်အပတ် မေလ ၁၃ ရက်နေ့က ပဲတီစိမ်းကြီး တစ်တင်းလျှင် ကျပ် ၁၂၃,၀၀၀ အထိ ပေါက်ဈေးရှိခဲ့ပြီး လက်ရှိဈေးနှုန်းများမှာ ယခင်အပတ်နှင့် နှိုင်းယှဉ်ပါက အနည်းငယ်ကျဆင်းလာကြောင်း သိရသည်။
May 31 • 9:57 AM
မြန်မာ
စစ်ကိုင်း
မျှဝေမည်
| 20 | 0 | 0 | 0 |


