ရှမ်းပြည်နယ်မြောက်ပိုင်း၊ မူဆယ်မြို့၌ အွန်လိုင်းငွေလိမ်လည်မှု (ကျားဖြန့်) လုပ်ငန်းလုပ်ကိုင်သူများကို အာဏာပိုင်များက မကြာခဏ ဖမ်းဆီးစစ်ဆေးမှုများ ပြုလုပ်နေသော်လည်း ပျောက်ကွယ်သွားခြင်းမရှိဘဲ နေရာရွှေ့ပြောင်းလုပ်ကိုင်နေကြကြောင်း မေလ ၃၀ ရက်တွင် ဒေသခံများထံမှ သိရသည်။ ကျားဖြန့်လုပ်ငန်းလုပ်ကိုင်သူများမှာ လုံခြုံရေးအကာအကွယ်ဖြင့် လုပ်ကိုင်နေကြခြင်းဖြစ်ကြောင်း ဒေသခံတစ်ဦးက ထောက်ပြထားသည်။ ပြီးခဲ့သည့် မေလ ၂၈ ရက်ကလည်း မူဆယ်မြို့တွင် အွန်လိုင်းငွေလိမ်လောင်းကစားလုပ်ကိုင်သူ နိုင်ငံခြားသားနှင့် မြန်မာနိုင်ငံသား စုစုပေါင်း ၂၈ ဦးကို သက်သေပစ္စည်းများနှင့်အတူ ဖမ်းဆီးရမိခဲ့ကြောင်း ထုတ်ပြန်ခဲ့သည်။လက်ရှိ ပြည်တွင်း၌ အလုပ်အကိုင် ရှားပါးနေချိန်တွင် ကျားဖြန့်လုပ်ငန်း၌ တရုတ်စာနှင့် အင်္ဂလိပ်စာ တတ်မြောက်ပါက တစ်လလျှင် အနည်းဆုံး ကျပ်သိန်း ၃၀ နှင့်အထက် လစာရရှိနေသဖြင့် လူငယ်ပညာတတ်အများစုမှာ စိတ်ဝင်စားကာ ဝင်ရောက်လုပ်ကိုင်နေကြသည်။ ထို့ပြင် မြို့အတွင်း၌ ပညာမတတ်သည့် အမျိုးသမီးငယ်အချို့မှာလည်း အလုပ်အကိုင်မရှိသဖြင့် လိင်လုပ်သားအဖြစ် လုပ်ကိုင်နေရသူများပြားနေပြီး၊ တရားမဝင်လုပ်ငန်းများနှင့် ဒုစရိုက်မှုများ မြို့အတွင်း ဆက်လက်ရှင်သန်နေခြင်းအပေါ် ဒေသခံများက စိုးရိမ်လျက်ရှိကြောင်း သိရသည်။
ရှမ်းပြည်နယ်၊ မူဆယ်မြို့တွင် ကျားဖြန့်လုပ်ငန်းလုပ်ကိုင်သူများကို မကြာခဏ ဖမ်းဆီးနေသော်လည်း နေရာရွှေ့ပြောင်းကာ ဆက်လက်လုပ်ကိုင်နေကြ
May 31 • 7:00 AM
မြန်မာ
မန္တလေး
မျှဝေမည်
| 23 | 0 | 0 | 0 |


