back

ရန်ကုန်မြို့ရှိ YBS ကားများပေါ်တွင် လိင်ပိုင်းဆိုင်ရာနှောင့်ယှက်မှုများကြောင့် အမျိုးသမီးများ စိုးရိမ်နေရ

May 31 • 4:32 AM

breaking-news

မြန်မာ

ရန်ကုန်

cover

ရန်ကုန်မြို့ရှိ YBS ကားများပေါ်တွင် လိင်ပိုင်းဆိုင်ရာနှောင့်ယှက်မှုများကြောင့် အမျိုးသမီးများ စိုးရိမ်နေရ

ရန်ကုန်မြို့အတွင်း ပြေးဆွဲနေသည့် YBS ကားအချို့ပေါ်တွင် ခရီးသည်အမျိုးသမီးငယ်များကို ရည်ရွယ်ချက်ရှိရှိ မဖွယ်မရာပြုလုပ်ပြသူများနှင့် လိင်ပိုင်းဆိုင်ရာ ထိပါးနှောင့်...

ရန်ကုန်မြို့အတွင်း ပြေးဆွဲနေသည့် YBS ကားအချို့ပေါ်တွင် ခရီးသည်အမျိုးသမီးငယ်များကို ရည်ရွယ်ချက်ရှိရှိ မဖွယ်မရာပြုလုပ်ပြသူများနှင့် လိင်ပိုင်းဆိုင်ရာ ထိပါးနှောင့်ယှက်သူများ များပြားလာခြင်းကြောင့် အချို့မှာ ထိတ်လန့်တကြား လမ်းခုလတ်၌ ဆင်းပြေးရသည့် ဖြစ်စဉ်များရှိလာကြောင်း သိရသည်။ ရုံးတက်ရုံးဆင်းချိန်၌ YBS ကားအစီးရေ မလုံလောက်သဖြင့် အလွန်အမင်း ကြပ်ညပ်နေရမှုကို မသမာသူများက အခွင့်ကောင်းယူကာ အနောက်ကပ်ခြင်း၊ ပွတ်သီးပွတ်သပ်ပြုလုပ်ခြင်းနှင့် ဖုန်းဖြင့် ဗီဒီယိုခိုးရိုက်၍ တယ်လီဂရမ်တွင် ပြန်လည်ရောင်းစားခြင်းများပါ ပြုလုပ်လာကြခြင်း ဖြစ်သည်။

အဆိုပါ လုံခြုံမှုမရှိသည့် အခြေအနေများကြောင့် အမျိုးသမီးများမှာ နေ့စဉ် စိုးရိမ်ထိတ်လန့်စွာ သွားလာနေရပြီး၊ သက်ဆိုင်ရာမှ ရုံးချိန်များတွင် ယာဉ်အစီးရေ တိုးမြှင့်ပြေးဆွဲပေးရန် လိုအပ်နေသည်။ ထို့ပြင် ခရီးသည်များအနေဖြင့်လည်း ထိုသို့သော နှောင့်ယှက်မှုများနှင့် ကြုံတွေ့ရပါက ရေငုံနှုတ်ပိတ်မနေဘဲ ဝိုင်းဝန်းအော်ဟစ် ဖော်ထုတ်အရေးယူကြရန် အမျိုးသမီးအရေး လှုပ်ရှားသူများက တိုက်တွန်းနှိုးဆော်ထားသည်။

news-view-count-icon

45