back

ရခိုင်ပြည်နယ်တွင် ပြည်မကုန်စည်လမ်းကြောင်း ပြတ်တောက်မှုကြောင့် ကုန်သည်များ ကုန်ပစ္စည်းသိုလှောင်ကာ ဈေးအတက်ကို စောင့်ဆိုင်းနေ

May 31 • 4:09 AM

breaking-news

မြန်မာ

ရခိုင်

cover

ရခိုင်ပြည်နယ်တွင် ပြည်မကုန်စည်လမ်းကြောင်း ပြတ်တောက်မှုကြောင့် ကုန်သည်များ ကုန်ပစ္စည်းသိုလှောင်ကာ ဈေးအတက်ကို စောင့်ဆိုင်းနေ

ရခိုင်ပြည်နယ်၌ မကွေး-ချင်း-ရခိုင် ကုန်စည်လမ်းကြောင်း ဖြတ်တောက်သွားပြီးနောက်၊ လမ်းကြောင်းမပိတ်မီက ရခိုင်ပြည်နယ်အတွင်းသို့ ရောက်ရှိနှင့်ပြီးဖြစ်သည့် ပြည်မဘက်မှ ကု...

ရခိုင်ပြည်နယ်၌ မကွေး-ချင်း-ရခိုင် ကုန်စည်လမ်းကြောင်း ဖြတ်တောက်သွားပြီးနောက်၊ လမ်းကြောင်းမပိတ်မီက ရခိုင်ပြည်နယ်အတွင်းသို့ ရောက်ရှိနှင့်ပြီးဖြစ်သည့် ပြည်မဘက်မှ ကုန်ပစ္စည်းများကို ရခိုင်ကုန်သည်များနှင့် ဈေးဆိုင်များက ထုတ်မရောင်းဘဲ ဈေးအဆမတန် တက်လာမည့်အချိန်ကို စောင့်ဆိုင်းသိုလှောင်ထားကြကြောင်း သိရသည်။ လက်ရှိ၌ အမ်း၊ တောင်ကုတ်နှင့် ဂွလမ်းကြောင်းများ ပိတ်ဆို့ခံထားရသဖြင့် အိန္ဒိယ-ပလက်ဝ လမ်းကြောင်းကိုသာ အဓိက အားထားနေရသော်လည်း အိန္ဒိယကုန်စည်များထက် ပြည်မဘက်မှလာသည့် အဝတ်အထည်၊ အလှကုန်၊ လျှပ်စစ်ပစ္စည်း၊ စိုက်ပျိုးရေးနှင့် ဆောက်လုပ်ရေးပစ္စည်းများကို လူကြိုက် ပိုများသဖြင့် ယခုကဲ့သို့ ဈေးကစားရန် သိုလှောင်မှုများ ရှိလာခြင်း ဖြစ်သည်။ထိုသို့ ကုန်စည်များ သိုလှောင်ထားမှုကြောင့် ဒေသတွင်း၌ ပြည်မကုန်စည်အချို့ ဝယ်ယူ၍မရတော့ဘဲ အဝတ်အထည်များမှာ ၃,၀၀၀ ကျပ်မှ ၅,၀၀၀ ကျပ်ခန့်၊ လျှပ်စစ်ပစ္စည်းနှင့် စိုက်ပျိုးရေး/ဆောက်လုပ်ရေးပစ္စည်းများမှာ သောင်းဂဏန်းမှ သိန်းဂဏန်းအထိ ဈေးနှုန်းများ မြင့်တက်လျက်ရှိသည်။ ကုန်ဈေးနှုန်းများ အဆမတန် မြင့်တက်လာပါက ဒေသခံဆင်းရဲသားများ အခက်အခဲနှင့် ရင်ဆိုင်ရနိုင်သဖြင့် ကုန်သည်များ ဈေးမကစားနိုင်စေရန် သက်ဆိုင်ရာ အုပ်ချုပ်ရေးအဖွဲ့အစည်းများအနေဖြင့် စနစ်တကျ ကြပ်မတ်ပေးရန် ဒေသခံများက တောင်းဆိုနေကြကြောင်း သိရသည်။

news-view-count-icon

39