ဥရောပချန်ပီယံလိဂ် (UEFA Champions League) ဗိုလ်လုပွဲတွင် ပြင်သစ်ကလပ် PSG အသင်းကို ပင်နယ်တီအဆုံးအဖြတ်ဖြင့် အရေးနိမ့်ခဲ့ပြီးနောက် အာဆင်နယ်အသင်း၏ နည်းပြဖြစ်သူ မီခေးလ်အာတေတာ (Mikel Arteta) က ပြိုင်ဘက် PSG အသင်းအား ကမ္ဘာ့အကောင်းဆုံးအသင်းအဖြစ် ချီးကျူးစကား ပြောကြားခဲ့သည်။အာဆင်နယ်အသင်းသည် နှစ်ပေါင်း ၂၀ ကြာမှ ချန်ပီယံလိဂ်ဗိုလ်လုပွဲသို့ တစ်ကျော့ပြန် တက်လှမ်းနိုင်ခဲ့ခြင်းဖြစ်သော်လည်း ဒုတိယဆုဖြင့်သာ ထပ်မံကျေနပ်ခဲ့ရသည်။ ယခုရှုံးနိမ့်မှုကြောင့် အာဆင်နယ်အသင်းသည် ၎င်းတို့နောက်ဆုံးတက်လှမ်းခဲ့သည့် ဥရောပကလပ်ပြိုင်ပွဲ ဗိုလ်လုပွဲ ၅ ပွဲဆက်တိုက် ရှုံးနိမ့်ခဲ့သည့် မှတ်တမ်းဆိုးတစ်ခုကိုလည်း ပိုင်ဆိုင်သွားခဲ့ရသည်။ နည်းပြ အာတေတာက "PSG အသင်းနဲ့ နည်းပြ လူးဝစ်အင်းနရစ် (Luis Enrique) ကို ဂုဏ်ပြုပါတယ်။ ကျွန်တော့်အမြင်အရတော့ သူတို့ဟာ ကမ္ဘာ့အကောင်းဆုံးအသင်းပါပဲ။ သူတို့ရဲ့ တစ်ဦးချင်းစွမ်းဆောင်ရည်တွေနဲ့ ဘောလုံးကစားပုံမျိုးကို ကျွန်တော် တစ်ခါမှမမြင်ဖူးပါဘူး။ ကျွန်တော်တို့ဘက်က ဘောလုံးမရှိချိန်မှာ အစီအစဉ်တကျ ကစားဖို့ ပြင်ဆင်ထားခဲ့ပေမဲ့ သူတို့ရဲ့ ပြင်းထန်တဲ့ ဖိအားပေးမှုတွေကြောင့် အခက်အခဲတွေ့ခဲ့ရတာပါ။ ဒါပေမဲ့ အစွမ်းကုန်ကြိုးစားခဲ့တဲ့ ကျွန်တော့်ရဲ့ ကစားသမားတွေကိုလည်း ဂုဏ်ပြုချင်ပါတယ်" ဟု ပြောကြားခဲ့သည်။ ထို့အပြင် လာမည့်နွေရာသီ အပြောင်းအရွှေ့ကာလတွင်လည်း အသင်းအနေဖြင့် ရည်မှန်းချက်ကြီးကြီးထားပြီး ပြင်ဆင်ကြရန် ကစားသမားများကို တိုက်တွန်းခဲ့ကြောင်း သိရသည်။
May 31 • 3:35 AM
မြန်မာ
ပြည်ပ
မျှဝေမည်
| 28 | 0 | 0 | 0 |


