ရှမ်းပြည်နယ်၊ ပင်လောင်းမြို့နယ်ရှိ တီကျစ်ကျောက်မီးသွေးစက်ရုံ မရပ်မနားလည်ပတ်နေမှုကြောင့် ဒေသခံပြည်သူများ အသက်ရှူလမ်းကြောင်းဆိုင်ရာ ပြဿနာများနှင့် ရေရှားပါးမှုဒဏ်ကို ပြင်းထန်စွာ ရင်ဆိုင်နေရကြောင်း မေလ ၃၀ ရက်တွင် PYO အဖွဲ့အစည်း၏ ပြောပြချက်အရ သိရသည်။ စက်ရုံဘေးရှိ မြေစာပုံကြီးမှ နွေရာသီတွင် အဆိပ်ငွေ့နှင့် အနံ့ဆိုးများ ထွက်ပေါ်နေသဖြင့် ကလေး၊ လူကြီးများ ကျန်းမာရေးထိခိုက်နေပြီး၊ စက်ရုံ၏ ဆူညံသံနှင့် တုန်ခါမှုများကြောင့် အဆောက်အအုံများ ပျက်စီးခြင်း၊ ချောင်းရေများ ခန်းခြောက်ကာ ကျွဲနွားစားကျက်မြေ ရှားပါးခြင်းတို့ကို ကြုံတွေ့နေရသည်။ သဘာဝရေအရင်းအမြစ်များ ပျက်စီးသွားသဖြင့် ဒေသခံများသည် ဧဒင်ကုမ္ပဏီမှ ပေးဝေသည့်ရေကိုသာ မှီခိုအသုံးပြုနေရသည်။ စက်ရုံတွင် ဝန်ထမ်း ၅၀၀ ကျော်ရှိသည့်အနက် ဒေသခံများမှာ သုံးပုံတစ်ပုံခန့်သာရှိပြီး အောက်ခြေအလုပ်များကိုသာ လုပ်ကိုင်ရကာ အများစုမှာ တရုတ်လူမျိုးများ ဖြစ်သည်ဟု သိရသည်။
ရှမ်းပြည်နယ်၊ ပင်လောင်းမြို့နယ်တွင် တီကျစ်ကျောက်မီးသွေးစီမံကိန်းကြောင့် ဒေသခံများ အသက်ရှူလမ်းကြောင်းဆိုင်ရာ အခက်အခဲများနှင့် ရင်ဆိုင်နေရ
May 31 • 3:19 AM
မြန်မာ
ရှမ်း
မျှဝေမည်
| 43 | 0 | 0 | 0 |


