အာဆင်နယ်အသင်း၏ ဂျာမန်တိုက်စစ်မှူး ကိုင်ဟာဗက်ဇ် (Kai Havertz) သည် ယခုနှစ် ဥရောပချန်ပီယံလိဂ် (UEFA Champions League) ဗိုလ်လုပွဲတွင် မတူညီသည့် ကလပ်အသင်းနှစ်သင်းနှင့် ဂိုးသွင်းယူနိုင်ခဲ့သည့် တတိယမြောက် ကစားသမားအဖြစ် သမိုင်းမှတ်တမ်းသစ် ရေးထိုးနိုင်ခဲ့သည်။ဟာဗက်ဇ်သည် ပြီးခဲ့သည့် ၂၀၂၁ ခုနှစ် ချန်ပီယံလိဂ်ဗိုလ်လုပွဲတုန်းကလည်း ချယ်လ်ဆီးအသင်းအတွက် အဖိုးတန်အနိုင်ဂိုး သွင်းယူပေးခဲ့ဖူးသူဖြစ်ပြီး၊ ယခုတစ်ကြိမ် အာဆင်နယ်အသင်းအတွက် ဗိုလ်လုပွဲတွင် ဂိုးထပ်မံသွင်းယူနိုင်ခဲ့ခြင်းကြောင့် ကမ္ဘာ့အဆင့်သတ်မှတ်ချက်တွင် စီရော်နယ်လ်ဒို (မန်ယူ၊ ရီးယဲလ်) နှင့် မန်ဇူကစ် (ဘိုင်ယန်မြူးနစ်၊ ဂျူဗင်တပ်စ်) တို့၏ စံချိန်ဆိုး၊ စံချိန်ကောင်းများကို လိုက်မီသွားခဲ့ခြင်း ဖြစ်သည်။ထို့အပြင် ဟာဗက်ဇ်သည် အင်္ဂလန်နောက်ခံလူဟောင်း အက်ရှ်လေကိုးလ် (အာဆင်နယ်၊ ချယ်လ်ဆီး) ပြီးနောက် မတူညီသည့် အင်္ဂလိပ်ကလပ်အသင်းနှစ်သင်းနှင့် ချန်ပီယံလိဂ်ဗိုလ်လုပွဲတွင် ပွဲထွက်ကစားခွင့်ရရှိခဲ့သည့် ဒုတိယမြောက် ကစားသမားလည်း ဖြစ်လာခဲ့ကြောင်း သိရသည်။
အာဆင်နယ်တိုက်စစ်မှူး ဟာဗက်ဇ် ချန်ပီယံလိဂ်ဗိုလ်လုပွဲတွင် မတူညီသည့်အသင်းနှစ်သင်းဖြင့် ဂိုးသွင်းနိုင်သည့် တတိယမြောက်ကစားသမားအဖြစ် မှတ်တမ်းဝင်
May 31 • 2:03 AM
မြန်မာ
ပြည်ပ
မျှဝေမည်
| 29 | 0 | 0 | 0 |


