back

ဧရာဝတီတိုင်းတွင် စပါးနှင့် ဆန်ဈေးနှုန်းများ ထပ်မံကျဆင်း

May 31 • 2:02 AM

breaking-news

မြန်မာ

ဧရာ၀တီ

cover

ဧရာဝတီတိုင်းတွင် စပါးနှင့် ဆန်ဈေးနှုန်းများ ထပ်မံကျဆင်း

ဧရာဝတီတိုင်းဒေသကြီးအတွင်း ကျောင်းဖွင့်ရာသီကြောင့် အဝယ်အေးနေသဖြင့် အခုရက်ပိုင်းအတွင်း စပါးတင်းတစ်ရာလျှင် ကျပ်တစ်သိန်းဝန်းကျင်နှင့် ဆန်တစ်အိတ်လျှင် ကျပ် ၃,၀၀၀ မှ ...

ဧရာဝတီတိုင်းဒေသကြီးအတွင်း ကျောင်းဖွင့်ရာသီကြောင့် အဝယ်အေးနေသဖြင့် အခုရက်ပိုင်းအတွင်း စပါးတင်းတစ်ရာလျှင် ကျပ်တစ်သိန်းဝန်းကျင်နှင့် ဆန်တစ်အိတ်လျှင် ကျပ် ၃,၀၀၀ မှ ၁၀,၀၀၀ ဝန်းကျင်အထိ ဈေးနှုန်းများ ထပ်မံကျဆင်းလာကြောင်း မေလ ၃၀ ရက်တွင် ဆန်စပါးကုန်သည်များအသင်းခွဲ (ဧရာဝတီ) ၏ ထုတ်ပြန်ချက်အရ သိရသည်။ ဈေးကွက်အတွင်း ဧရာဝတီပေါ်ဆန်းဆန်တစ်အိတ်လျှင် တစ်သိန်းခွဲဝန်းကျင်၊ ရက် ၉၀ ဆန်တစ်အိတ်လျှင် ခုနစ်သောင်းခွဲမှ ရှစ်သောင်းဝန်းကျင်သို့ ကျဆင်းသွားပြီး၊ ပေါ်ဆန်းစပါးတင်းတစ်ရာလျှင် ကျပ် ၄၅ သိန်းနှင့် ရက် ၉၀ စပါးတင်းတစ်ရာလျှင် ကျပ်သိန်းနှစ်ဆယ်ဝန်းကျင်သို့ ဈေးကျသွားခြင်း ဖြစ်သည်။

ယခုကဲ့သို့ နွေစပါးပေါ်ချိန်တွင် ဈေးနှုန်းများ တဖြည်းဖြည်းကျဆင်းနေမှု၊ စက်သုံးဆီဈေးကြီးမှုနှင့် စိုက်ပျိုးစရိတ်ချေးငွေ ပြန်ဆပ်ရန် ဖိအားပေးခံရမှုများကြောင့် လယ်သမားများနှင့် ငွေချေး၍ စပါးလှောင်ထားသည့် ကုန်သည်များ အရှုံးပေါ်ကာ အခက်အခဲဖြစ်နေကြသည်။ စပါးဈေးမကောင်းခြင်းနှင့် သွင်းအားစုစရိတ် ကြီးမားခြင်းတို့ကြောင့် လာမည့်မိုးရာသီတွင် လယ်စိုက်မည့်သူ နည်းပါးလာနိုင်ပြီး၊ ဧရာဝတီတိုင်းအတွင်း စပါးစိုက်ဧကမှာလည်း ယခင် ၃၈ သိန်းနီးပါးရှိရာမှ ယခုအခါ ဧကသိန်းနှစ်ဆယ်ဝန်းကျင်အထိ ထက်ဝက်ခန့် လျော့ကျသွားကြောင်း လယ်သမားအရေးဆောင်ရွက်သူများထံမှ သိရသည်။

news-view-count-icon

30