ဥရောပဘောလုံးလောက၏ အမြင့်ဆုံးကလပ်ပြိုင်ပွဲဖြစ်သည့် UEFA Champions League ဗိုလ်လုပွဲတွင် ပြင်သစ်ကလပ် PSG အသင်းက အင်္ဂလန်ကလပ် အာဆင်နယ်အသင်းကို ပင်နယ်တီအဆုံးအဖြတ်ဖြင့် အနိုင်ယူကာ ချန်ပီယံဖြစ်လာကြောင်း မေလ ၃၁ ရက်တွင် သိရသည်။ ဟန်ဂေရီနိုင်ငံ၊ Puskás Arena ကွင်း၌ ယှဉ်ပြိုင်ကစားခဲ့သည့် အဆိုပါပွဲစဉ်တွင် မိနစ် ၉၀ အတွင်း ၁-၁ သရေရလဒ်ထွက်ပေါ်ခဲ့၍ အချိန်ပို မိနစ် ၃၀ ဆက်လက်ကစားခဲ့သော်လည်း ဂိုးထပ်မသွင်းနိုင်ခဲ့ဘဲ မိနစ် ၁၂၀ အထိ သရေကျနေခဲ့ခြင်း ဖြစ်သည်။ထို့ကြောင့် ပင်နယ်တီအဆုံးအဖြတ်ခံယူရာတွင် အာဆင်နယ်အသင်းက နှစ်လုံးလွဲချော်ခဲ့ပြီး PSG အသင်းကမူ တစ်လုံးသာ လွဲချော်ခဲ့သဖြင့် PSG က အနိုင်ရရှိသွားခဲ့သည်။ ၂၀၂၅ ခုနှစ်တွင် အသင်းသမိုင်းတစ်လျှောက် ပထမဆုံးအကြိမ် ချန်ပီယံဖြစ်ခဲ့သည့် PSG အသင်းသည် ယခုအောင်ပွဲကြောင့် နှစ်နှစ်ဆက်တိုက်ဖြင့် ဒုတိယအကြိမ်မြောက် ဥရောပချန်ပီယံ ဖြစ်လာခဲ့သည်။ အာဆင်နယ်အသင်းမှာမူ နှစ်ပေါင်း ၂၀ ကြာမှ ချန်ပီယံလိဂ်ဗိုလ်လုပွဲသို့ ပြန်လည်တက်လှမ်းနိုင်ခဲ့သော်လည်း ဒုတိယဆုဖြင့်သာ ကျေနပ်ခဲ့ရပြီး သမိုင်းတစ်လျှောက် ချန်ပီယံလိဂ်ဖလား မရရှိသေးသည့် မှတ်တမ်းဆိုးကို ဆက်လက်ထိန်းသိမ်းသွားခဲ့ရသည်။

PSG အသင်းက အာဆင်နယ်ကို ပင်နယ်တီအဆုံးအဖြတ်ဖြင့်အနိုင်ယူကာ ဥရောပချန်ပီယံလိဂ်ဖလား နှစ်နှစ်ဆက်တိုက် ဆွတ်ခူး
May 31 • 2:01 AM
မြန်မာ
ပြည်ပ
မျှဝေမည်
| 46 | 0 | 0 | 0 |


