ရန်ကုန်မြို့ရှိ မော်တော်ယာဉ်ဈေးကွက်အတွင်း သက်တမ်းရင့် ယာဉ်အို/ယာဉ်ဟောင်းများနေရာတွင် လျှပ်စစ်သုံးယာဉ် (EV) များ အစားထိုးလဲလှယ်တင်သွင်းခွင့်ပြုမည့် မူဝါဒထွက်ပေါ်လာပြီးနောက် အရောင်းအဝယ်များ အေးသွားကြောင်း ဈေးကွက်အသိုင်းအဝိုင်းမှ သိရသည်။ မူဝါဒအသစ် ထွက်ပေါ်လာချိန်တွင် နောက်ဆက်တွဲအကျိုးသက်ရောက်မှုများကို စောင့်ကြည့်လေ့ရှိသည့် ဈေးကွက်သဘောတရားအရ အရောင်းအဝယ် ခေတ္တငြိမ်သက်သွားခြင်းဖြစ်ပြီး အသေးစိတ်လုပ်ထုံးလုပ်နည်း ညွှန်ကြားချက်များ တိတိကျကျ ထပ်မံထွက်ရှိလာမှသာ အရောင်းအဝယ်များ ပြန်လည်သွက်လက်လာနိုင်ကြောင်း မြန်မာ့မော်တော်ယာဉ်ထုတ်လုပ်ရေးနှင့် ဖြန့်ဖြူးရောင်းချရေးလုပ်ငန်းရှင်များအသင်း အထွေထွေအတွင်းရေးမှူး ဦးကျော်စွာထွန်းမြင့်က သုံးသပ်ထားသည်။ လတ်တလောတွင် အမြင့်ဆုံးဈေး ရောက်ရှိခဲ့သည့် EV ကားအမျိုးအစားအများစုမှာ ပုံမှန်ပေါက်ဈေးသို့ ပြန်လည်ရောက်ရှိနေပြီး၊ ဈေးကွက်အတွင်း၌ အသစ်များထက် ဘက်ထရီအာမခံပါရှိကာ ကီလိုမီတာအနည်းငယ်သာ မောင်းနှင်ရသေးသည့် ကျပ်သိန်း ၁,၀၀၀ အောက် တစ်ပတ်ရစ် (Used) EV ကားများသာ အရောင်းအဝယ် ပိုမိုဖြစ်ထွန်းနေကြောင်း သိရသည်။
May 31 • 1:35 AM
မြန်မာ
ရန်ကုန်
မျှဝေမည်
| 65 | 0 | 0 | 0 |


