ယူကရိန်းနယ်စပ်အနီး ရိုမေးနီးယားနိုင်ငံအရှေ့ပိုင်း Galați မြို့ရှိ အထပ်မြင့်လူနေအဆောက်အအုံတစ်ခုကို မေလ ၂၉ ရက်က ရုရှားဒရုန်းတစ်စင်း ထိမှန်ပေါက်ကွဲခဲ့သဖြင့် မီးလောင်မှုပြင်းထန်စွာဖြစ်ပွားပြီး လူနှစ်ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။ ဒရုန်းအတွင်းပါလာသည့် ပေါက်ကွဲစေတတ်သောပစ္စည်းများမှာ အဆောက်အအုံ၏ ၁၀ ထပ်မြောက်တွင် ပေါက်ကွဲသွားခဲ့ခြင်းဖြစ်ပြီး၊ ယခုဖြစ်စဉ်သည် ယူကရိန်းစစ်ပွဲ ၄ နှစ်တာကာလအတွင်း ရုရှားဒရုန်းများ ရိုမေးနီးယားပိုင်နက်ထဲသို့ လမ်းကြောင်းလွဲဝင်ရောက်မှုများအနက် ပြည်သူများ ပထမဆုံးအကြိမ် ဒဏ်ရာရရှိခဲ့သည့် ဖြစ်စဉ်ဖြစ်သည်။ ရိုမေးနီးယားသမ္မတက အဆိုပါဒရုန်းသည် ယူကရိန်းလေကြောင်းရန်ကာကွယ်ရေးတပ်များ၏ ပစ်ခတ်မှုကြောင့် လမ်းကြောင်းလွဲလာခြင်းဖြစ်နိုင်ကြောင်း ပြောကြားခဲ့သည်
May 30 • 1:47 PM
မြန်မာ
ပြည်ပ
မျှဝေမည်
| 30 | 0 | 0 | 0 |


