back

မြန်မာနိုင်ငံတစ်ဝန်း နေရာအနှံ့အပြား မိုးထစ်ချုန်းရွာပြီး တိုင်းနှင့် ပြည်နယ် ၉ ခုတွင် နေရာကွက်၍ မိုးကြီးနိုင်ကြောင်း မိုးဇလထုတ်ပြန်

May 30 • 1:47 PM

breaking-news

မြန်မာ

ပြည်တွင်း

cover

မြန်မာနိုင်ငံတစ်ဝန်း နေရာအနှံ့အပြား မိုးထစ်ချုန်းရွာပြီး တိုင်းနှင့် ပြည်နယ် ၉ ခုတွင် နေရာကွက်၍ မိုးကြီးနိုင်ကြောင်း မိုးဇလထုတ်ပြန်

မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာန၏ ၂၀၂၆ ခုနှစ် မေလ ၃၀ ရက် ည ၇ နာရီအချိန် ထုတ်ပြန်ချက်အရ ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလားပင်လယ်အော်တို့တွင် မုတ်သုံလေ အားအသင့...

မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာန၏ ၂၀၂၆ ခုနှစ် မေလ ၃၀ ရက် ည ၇ နာရီအချိန် ထုတ်ပြန်ချက်အရ ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလားပင်လယ်အော်တို့တွင် မုတ်သုံလေ အားအသင့်အတင့်မှ အားကောင်းနေပြီး မနက်ဖြန်မွန်းတည့်ချိန်အထိ ကယားပြည်နယ်တွင် နေရာကျဲကျဲ၊ နေပြည်တော်နှင့် စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်းတို့တွင် နေရာစိပ်စိပ်၊ ကျန်တိုင်းဒေသကြီးနှင့် ပြည်နယ်တို့တွင် နေရာအနှံ့အပြား မိုးထစ်ချုန်းရွာနိုင်ကြောင်း သိရသည်။ အထူးသဖြင့် နေပြည်တော်၊ ရန်ကုန်၊ မန္တလေး၊ ပဲခူး၊ မကွေး၊ စစ်ကိုင်းအောက်ပိုင်း၊ ဧရာဝတီ၊ ကချင်နှင့် ရခိုင်ပြည်နယ်တို့တွင် နေရာကွက်၍ မိုးကြီးနိုင်သည့်အပြင် တိုင်းနှင့် ပြည်နယ်အများစု၌ မိုးတိမ်တောင်များကြောင့် လေပြင်းတိုက်ခတ်ခြင်း၊ မိုးကြိုးပစ်ခြင်းနှင့် မိုးသီးကြွေခြင်းများ ဖြစ်ပေါ်နိုင်သဖြင့် ကြိုတင်သတိပြုရန် လိုအပ်သည်။

news-view-count-icon

25