back

ချန်ပီယံလိဂ် ဗိုလ်လုပွဲကို ဂျာမန်ဒိုင်လူကြီး ဒန်နီရယ်လ်ဆီးဘတ် ပထမဆုံးအကြိမ် တာဝန်ယူကိုင်တွယ်မည်

May 30 • 1:46 PM

breaking-news

မြန်မာ

ပြည်ပ

cover

ချန်ပီယံလိဂ် ဗိုလ်လုပွဲကို ဂျာမန်ဒိုင်လူကြီး ဒန်နီရယ်လ်ဆီးဘတ် ပထမဆုံးအကြိမ် တာဝန်ယူကိုင်တွယ်မည်

ယနေ့ညတွင် ကစားမည့် ဥရောပချန်ပီယံလိဂ် ဗိုလ်လုပွဲစဉ်တွင် ဂျာမန်ဒိုင်လူကြီး ဒန်နီရယ်လ်ဆီးဘတ် (Daniel Siebert) က ကွင်းလယ်ဒိုင်လူကြီးအဖြစ် ပထမဆုံးအကြိမ် တာဝန်ယူကိုင်...

ယနေ့ညတွင် ကစားမည့် ဥရောပချန်ပီယံလိဂ် ဗိုလ်လုပွဲစဉ်တွင် ဂျာမန်ဒိုင်လူကြီး ဒန်နီရယ်လ်ဆီးဘတ် (Daniel Siebert) က ကွင်းလယ်ဒိုင်လူကြီးအဖြစ် ပထမဆုံးအကြိမ် တာဝန်ယူကိုင်တွယ်သွားမည် ဖြစ်သည်။ အသက် ၄၂ နှစ်အရွယ် ရှိပြီဖြစ်သည့် ဆီးဘတ်သည် ၂၀၁၅ ခုနှစ်ကတည်းက နိုင်ငံတကာဒိုင်လူကြီး ဖြစ်ခဲ့သော်လည်း ယူရိုပြိုင်ပွဲအချို့နှင့် ယခုရာသီ ချန်ပီယံလိဂ် ကိုးပွဲ (အာဆင်နယ်နှင့် အက်သလက်တီကို ဆီမီးဖိုင်နယ်ပွဲစဉ် အပါအဝင်) ကိုသာ ကိုင်တွယ်ခဲ့ဖူးပြီး ယခုဗိုလ်လုပွဲသည် ၎င်းအတွက် ပထမဆုံးသော UEFA ပြိုင်ပွဲကြီး၏ ဗိုလ်လုပွဲ တာဝန်ဖြစ်လာသည်။ အဆိုပါ ဗိုလ်လုပွဲတွင် ကွင်းလယ်ဒိုင် ဆီးဘတ်နှင့်အတူ ဂျာမနီနိုင်ငံမှ လက်ထောက်ဒိုင်လူကြီးများဖြစ်သည့် ယန်းဆီဒယ်လ်၊ ရာဖေးလ်ဖော်တင်း၊ VAR ဒိုင်လူကြီး ဘက်စတီယန်ဒန်ကတ် အပါအဝင် ဆွစ်ဇာလန်နှင့် စပိန်နိုင်ငံတို့မှ ဒိုင်လူကြီးအဖွဲ့ဝင်များက ပူးပေါင်းကာ တာဝန်ထမ်းဆောင်သွားကြမည် ဖြစ်ကြောင်း သိရသည်။

news-view-count-icon

24