အင်ဒိုနီးရှားနိုင်ငံ မီဒန်မြို့၌ ဇွန်လ ၁ ရက်မှ ၁၃ ရက်အထိ ကျင်းပမည့် ၂၀၂၆ အာဆီယံ ယူ-၁၉ ချန်ပီယံရှစ်ပြိုင်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်မည့် မြန်မာ ယူ-၁၉ အသင်းသည် ဇွန်လ ၁ ရက် မြန်မာစံတော်ချိန် ည ၇ နာရီခွဲတွင် အိမ်ရှင် အင်ဒိုနီးရှားအသင်းနှင့် အုပ်စုပထမပွဲစဉ်အဖြစ် စတင်ကစားရမည် ဖြစ်သည်။ မြန်မာအသင်းသည် အုပ်စု (A) တွင် အိမ်ရှင်အင်ဒိုနီးရှား၊ ဗီယက်နမ်၊ တီမောတို့နှင့်အတူ အုပ်စုကျပ်အတွင်း ကျရောက်နေပြီး ပြိုင်ပွဲတွင် စုစုပေါင်း ၁၁ သင်းက အုပ်စု ၃ ခုခွဲ၍ ယှဉ်ပြိုင်ကြမည်ဖြစ်သည်။ အုပ်စုတစ်ခုစီမှ ထိပ်ဆုံးရ ၃ သင်းနှင့် အကောင်းဆုံးအုပ်စုဒုတိယရ ၁ သင်း၊ စုစုပေါင်း ၄ သင်း ဆီမီးဖိုင်နယ်သို့ တက်ရောက်ခွင့်ရမည် ဖြစ်သည်။ မြန်မာ ယူ-၁၉ အသင်းအား ဂျပန်လူမျိုးနည်းပြ ရူဂျီက ပထမဆုံးနိုင်ငံတကာပြိုင်ပွဲအဖြစ် ဦးဆောင်ကိုင်တွယ်နေပြီး ပြိုင်ပွဲအတွက် ပြီးခဲ့သည့် ဧပြီလက ထိုင်းနိုင်ငံတွင် ခြေစမ်းပွဲများ သွားရောက်ကစားကာ ပြင်ဆင်ထားကြောင်း သိရသည်။ လတ်တလောတွင် အင်ဒိုနီးရှားအသင်းမှာ ၂၀၂၄ ခုနှစ် ပြိုင်ပွဲ၏ လက်ရှိချန်ပီယံ ဖြစ်သည်။
May 30 • 1:45 PM
မြန်မာ
ပြည်ပ
မျှဝေမည်
| 19 | 0 | 0 | 0 |


