back

ရန်ကုန်-မော်လမြိုင်ကားလမ်းတွင် လမ်းဖြတ်ကူးသူ သက်ကြီးအမျိုးသားတစ်ဦးအား အိုးဝေယာဉ်တိုက်မိပြီး မောင်းပြေးမှုဖြစ်ပွား

May 30 • 1:38 PM

breaking-news

မြန်မာ

မွန်

cover

ရန်ကုန်-မော်လမြိုင်ကားလမ်းတွင် လမ်းဖြတ်ကူးသူ သက်ကြီးအမျိုးသားတစ်ဦးအား အိုးဝေယာဉ်တိုက်မိပြီး မောင်းပြေးမှုဖြစ်ပွား

မွန်ပြည်နယ်၊ သထုံမြို့နယ်၊ သုဝဏ္ဏဝတီမြို့၊ ရန်ကုန်-မော်လမြိုင်ကားလမ်းပေါ်တွင် လမ်းဖြတ်ကူးသည့် အမျိုးသားတစ်ဦးကို အိုးဝေ (သုံးဘီး) ယာဉ်တစ်စီးက ဝင်ရောက်တိုက်မိပြီး...

မွန်ပြည်နယ်၊ သထုံမြို့နယ်၊ သုဝဏ္ဏဝတီမြို့၊ ရန်ကုန်-မော်လမြိုင်ကားလမ်းပေါ်တွင် လမ်းဖြတ်ကူးသည့် အမျိုးသားတစ်ဦးကို အိုးဝေ (သုံးဘီး) ယာဉ်တစ်စီးက ဝင်ရောက်တိုက်မိပြီး မောင်းနှင်ထွက်ပြေးသွားခဲ့သည့် ဖြစ်စဉ်တစ်ခု ဖြစ်ပွားခဲ့ကြောင်း သိရသည်။ အဆိုပါ ယာဉ်တိုက်မှုမှာ မေလ ၂၉ ရက်နေ့ ည ၉ နာရီခွဲခန့်က နောင်ဘိုကျေးရွာရှိ အကောင်းကြိုက်ဆိုင်ရှေ့တွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး၊ အသက် ၆၅ နှစ်အရွယ် ခရီးသွားအမျိုးသားတစ်ဦး ကားလမ်းဖြတ်ကူးစဉ် ကျိုက္ကော်ဘက်မှ နောင်ဘိုဘက်သို့ မောင်းနှင်လာသည့် အိုးဝေယာဉ်က ဝင်တိုက်သွားခဲ့ခြင်း ဖြစ်သည်။ ယာဉ်တိုက်မှုကြောင့် အဆိုပါသက်ကြီးအမျိုးသားတွင် ဦးခေါင်းနောက်စေ့ ပေါက်ပြဲဒဏ်ရာနှင့် ခြေ/လက် ပွန်းပဲ့ဒဏ်ရာများ ရရှိခဲ့သဖြင့် ပီတိနှလုံးသား လူမှုကယ်ဆယ်ရေးအသင်းက သိမ်ဆိပ်ဆေးရုံသို့ ကူညီပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။

news-view-count-icon

23