PSG အသင်းနည်းပြ လူးဝစ်အန်နရီကေးက ချန်ပီယံလိဂ်ဗိုလ်လုပွဲ မတိုင်မီတွင် မိမိတို့အသင်းသည် ပြိုင်ဘက် အာဆင်နယ်အသင်းထက် စိတ်ဓာတ်ရေးရာပိုင်း၌ ပိုမိုသာလွန်နေသည်ဟု သုံးသပ်ပြောကြားခဲ့သည်။ လက်ရှိချန်ပီယံ PSG အသင်းသည် ချန်ပီယံလိဂ်တွင် နှစ်နှစ်ဆက်တိုက် ချန်ပီယံဖြစ်ရန် မျှော်လင့်နေပြီး၊ ယမန်နှစ် ဆီမီးဖိုင်နယ်တွင်လည်း အာဆင်နယ်ကို နှစ်ကျော့စလုံးအနိုင်ယူကာ ဗိုလ်လုပွဲ တက်ရောက်ခဲ့ခြင်း ဖြစ်သည်။ အာဆင်နယ်၏ ပထမဆုံး ချန်ပီယံလိဂ်ဖလား စိန်ခေါ်မှုနှင့် ပတ်သက်၍ အန်နရီကေးက ဖလားပထမဆုံးရရန် ကြိုးပမ်းခြင်းက အားကောင်းသော်လည်း နှစ်ကြိမ်ဆက် ဗိုလ်စွဲရန် ကြိုးပမ်းရခြင်းမှာ ပိုမိုကြီးမားသည့်အတွက် မိမိတို့က ပို၍ရှေ့ရောက်နေကြောင်း ဆိုခဲ့သည်။ 
May 30 • 1:37 PM
မြန်မာ
ပြည်ပ
မျှဝေမည်
| 42 | 0 | 0 | 0 |


