ဘရာဇီးအစိုးရအနေဖြင့် တရားမဝင်သတ္တုတူးဖော်ရေးလုပ်ငန်းများကို နှိမ်နင်းနေသော်လည်း အမေဇုန်မိုးသစ်တောဒေသ၌ အမေရိကန်ဒေါ်လာ ဘီလီယံနှင့်ချီ တန်ဖိုးရှိသည့် ရွှေများကို တရားမဝင် တူးဖော်နေကြဆဲဖြစ်ကြောင်း ဂရင်းပိစ် (Greenpeace) သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးအဖွဲ့က မေလ ၂၉ ရက်တွင် ထုတ်ပြန်သည့် အစီရင်ခံစာ၌ ဖော်ပြထားသည်။ ဂရင်းပိစ်အဖွဲ့က ဘရာဇီးအာဏာပိုင်များ ရွှေတူးဖော်ခွင့်လိုင်စင် ချပေးထားသော အမေဇုန်ဒေသ သစ်တောနယ်မြေ ၁၈၇ ခုကို လေ့လာဆန်းစစ်ခဲ့ရာ ၂၀၁၈ ခုနှစ်မှ ၂၀၂၆ ခုနှစ် မတ်လအထိ ကာလအတွင်း တရားမဝင် တူးဖော်ခဲ့သော ရွှေပမာဏမှာ ၂၆ ဒသမ ၈ မက်ထရစ်တန် (တန်ဖိုးအားဖြင့် အမေရိကန်ဒေါ်လာ ၃ ဒသမ ၈၈ ဘီလီယံခန့်) အထိ ရှိခဲ့ကြောင်း သိရသည်။ ဘရာဇီးသမ္မတ လူလာဒါဆေးဗားသည် ရာထူးရယူပြီးနောက် ဌာနေတိုင်းရင်းသားနယ်မြေများနှင့် ကြိုးဝိုင်းသစ်တောများအတွင်း တရားမဝင်ရွှေတူးဖော်မှုများကို နှိမ်နင်းရန် ကြိုးပမ်းခဲ့သော်လည်း လက်ရှိအချိန်အထိ အဆိုပါ တရားမဝင်ရွှေတွင်းများမှ ထွက်ရှိနေသည့် ရွှေပမာဏမှာ ကာလပေါက်ဈေးအရ ဒေါ်လာဘီလီယံနှင့်ချီ၍ အားကောင်းနေဆဲဖြစ်ကြောင်း သိရသည်။
ဘရာဇီး အမေဇုန်ဒေသ၌ အစိုးရက နှိမ်နင်းနေသော်လည်း ဒေါ်လာဘီလီယံချီ တန်ဖိုးရှိသည့် တရားမဝင်ရွှေတူးဖော်မှုများ အားကောင်းနေဆဲဖြစ်
May 30 • 10:05 AM
မြန်မာ
ပြည်ပ
မျှဝေမည်
| 18 | 0 | 0 | 0 |


