မွန်ပြည်နယ်၊ သထုံမြို့နယ်၊ သထုံ-ဘားအံကားလမ်းရှိ မြို့သစ်အနီးတွင် မေလ ၂၉ ရက်နေ့က သထုံဘက်မှ ဘားအံဘက်သို့ မောင်းနှင်လာသော သုံးဘီးယာဉ်က အချက်ပြ၍ ကွေ့စဉ် နောက်မှ လိုက်ပါလာသော ခရီးသည်တင် Express ကားက ကျော်တက်ရာမှ ကပ်ချိတ်မိပြီး သုံးဘီးယာဉ် တိမ်းမှောက်မှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။ အဆိုပါ ယာဉ်တိုက်မှုဖြစ်စဉ်ကြောင့် သုံးဘီးယာဉ်မောင်းနှင့် Express ကားပေါ်တွင် လိုက်ပါစီးနင်းလာကြသူများ တစ်ဦးတစ်ယောက်မျှ ထိခိုက်ဒဏ်ရာရရှိမှု မရှိခဲ့ကြောင်း သိရသည်။



