ရှမ်းပြည်နယ်တောင်ပိုင်း၊ အောင်ပန်းမြို့၊ အမှတ် (၃) ရပ်ကွက်၊ ဓမ္မာရုံလမ်း၌ မေလ ၂၆ ရက် ညပိုင်းက ရဲတပ်ဖွဲ့မှ လမ်းသွားလမ်းလာများကို စစ်ဆေးစဉ် အမျိုးသားတစ်ဦး၏ မိုဘိုင်းဖုန်းအတွင်း အွန်လိုင်းစလော့ဂိမ်း App တွေ့ရှိခဲ့သဖြင့် ဖမ်းဆီးကာ အောင်ပန်းမြို့မရဲစခန်းတွင် လောင်းကစားဥပဒေ ပုဒ်မ ၁၅ (က) ဖြင့် အမှုဖွင့်အရေးယူထားကြောင်း ဒေသခံများထံမှ သိရသည်။ ဒေသခံအချို့ကမူ အိမ်ထောင်စုစီးပွားရေး ထိခိုက်မှုများရှိလာသည့် ယင်းလောင်းကစားပြဿနာ လျော့နည်းစေရန် ယခုကဲ့သို့ ဖမ်းဆီးခြင်း ဖြစ်နိုင်ကြောင်း ပြောဆိုကြသော်လည်း၊ လက်ရှိတွင် အောင်ပန်းနှင့် ရွာငံမြို့နယ်တို့အပါအဝင် ရှမ်းပြည်တောင်ပိုင်း၌ အွန်လိုင်းစလော့ဂိမ်း စစ်ဆေးဖမ်းဆီးမှုများ ရှိနေသည့်အတွက် ပြည်သူများ၏ မိုဘိုင်းဖုန်းများကို အကြောင်းပြချက်မရှိဘဲ စစ်ဆေးခြင်းနှင့် ငွေကြေးတောင်းခံခြင်းများ မဖြစ်ပေါ်စေရန် လိုအပ်ကြောင်း ဝေဖန်ထောက်ပြမှုများလည်း ရှိနေသည်။
ရှမ်းပြည်နယ်တောင်ပိုင်း၊ အောင်ပန်းတွင် ဖုန်းအတွင်း စလော့ဂိမ်း App တွေ့ရှိမှုဖြင့် အမျိုးသားတစ်ဦးကို လောင်းကစားဥပဒေဖြင့် အမှုဖွင့်ဖမ်းဆီး
May 30 • 10:02 AM
မြန်မာ
ရှမ်း
မျှဝေမည်
| 36 | 0 | 0 | 0 |


