back

မော်လမြိုင်မြို့ရှိ ရှုပ်ထွေးနေသော ဖိုင်ဘာကြိုးများကို အမြန်ဆုံး ရှင်းလင်းဖယ်ရှားရန် ပြည်နယ်ဝန်ကြီး မှာကြား

May 30 • 10:01 AM

breaking-news

မြန်မာ

မွန်

cover

မော်လမြိုင်မြို့ရှိ ရှုပ်ထွေးနေသော ဖိုင်ဘာကြိုးများကို အမြန်ဆုံး ရှင်းလင်းဖယ်ရှားရန် ပြည်နယ်ဝန်ကြီး မှာကြား

မော်လမြိုင်မြို့အတွင်း မြို့အင်္ဂါရပ်နှင့် မညီဘဲ အမြင်မတင့်တယ်ဖြစ်နေသည့် ဆက်သွယ်ရေး ဖိုင်ဘာကြိုးများကို အမြန်ဆုံး ရှင်းလင်းဖယ်ရှားနိုင်ရေးအတွက် သက်ဆိုင်ရာ တာဝန်...

မော်လမြိုင်မြို့အတွင်း မြို့အင်္ဂါရပ်နှင့် မညီဘဲ အမြင်မတင့်တယ်ဖြစ်နေသည့် ဆက်သွယ်ရေး ဖိုင်ဘာကြိုးများကို အမြန်ဆုံး ရှင်းလင်းဖယ်ရှားနိုင်ရေးအတွက် သက်ဆိုင်ရာ တာဝန်ရှိသူများနှင့်အတူ ပူးပေါင်းဆောင်ရွက်သွားကြရန် မွန်ပြည်နယ် လျှပ်စစ်၊ စွမ်းအင်၊ စက်မှုနှင့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးဇေယျာဦးက လမ်းညွှန်မှာကြားခဲ့သည်။ ပြည်နယ်ဝန်ကြီးသည် မေလ ၃၀ ရက် နံနက်ပိုင်းက ဆက်သွယ်ရေး ညွှန်ကြားမှုဦးစီးဌာန တာဝန်ရှိသူများ၊ ဆက်သွယ်ရေး Operator များနှင့် တွေ့ဆုံစဉ် ယင်းသို့ မှာကြားခဲ့ခြင်းဖြစ်ပြီး၊ မြို့တွင်း ဖိုင်ဘာကြိုးများ ရှင်းလင်းသွယ်တန်းနေမှုကိုလည်း ကွင်းဆင်းစစ်ဆေးခဲ့သည်။ ၎င်းက ဆက်သွယ်ရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် ဘေးကင်းလုံခြုံမှုကို ဦးစားပေးရန်နှင့် ပြည်သူများအတွက် ထိရောက်ကောင်းမွန်သော ဝန်ဆောင်မှုပေးရန် တိုက်တွန်းခဲ့ပြီး၊ မြို့ခံများကလည်း ဓာတ်တိုင်များတွင် ရှုပ်ရှပ်ခတ်နေသည့် ဝိုင်ဖိုင်ကြိုးများကို စနစ်တကျ ရှင်းလင်းနိုင်ပါက ဘေးအန္တရာယ်ကင်းရှင်းပြီး ကောင်းမွန်မည်ဖြစ်ကြောင်း ပြောဆိုထားကြသည်။

news-view-count-icon

29