back

ရန်ကုန်တိုင်း၊ဒဂုံမြို့သစ်မြောက်ပိုင်းတွင် ပလုံကောက်နေသည့် သားအမိနှစ်ဦးအား ကားတိုက်ပြီး မောင်းပြေးမှုဖြစ်ပွား၊ မိခင်ဖြစ်သူ သေဆုံး

May 30 • 10:00 AM

breaking-news

မြန်မာ

ရန်ကုန်

cover

ရန်ကုန်တိုင်း၊ဒဂုံမြို့သစ်မြောက်ပိုင်းတွင် ပလုံကောက်နေသည့် သားအမိနှစ်ဦးအား ကားတိုက်ပြီး မောင်းပြေးမှုဖြစ်ပွား၊ မိခင်ဖြစ်သူ သေဆုံး

ရန်ကုန်တိုင်း၊ ဒဂုံမြို့သစ်မြောက်ပိုင်းမြို့နယ်၊ ဦးဝိစာရလမ်းပေါ်တွင် ယနေ့ (မေလ ၃၀ ရက်) နံနက်အစောပိုင်း (မေ ၂၉ ရက် ညသန်းခေါင်ကျော်အချိန်) က ပလုံကောက်နေသည့် သားအမ...

ရန်ကုန်တိုင်း၊ ဒဂုံမြို့သစ်မြောက်ပိုင်းမြို့နယ်၊ ဦးဝိစာရလမ်းပေါ်တွင် ယနေ့ (မေလ ၃၀ ရက်) နံနက်အစောပိုင်း (မေ ၂၉ ရက် ညသန်းခေါင်ကျော်အချိန်) က ပလုံကောက်နေသည့် သားအမိနှစ်ဦး၏ တွန်းလှည်းကို ကားတစ်စီးက ဝင်ရောက်တိုက်မိပြီး အခင်းဖြစ်နေရာမှ မောင်းနှင်ထွက်ပြေးသွားခဲ့သည့် ယာဉ်တိုက်မှုတစ်ခု ဖြစ်ပွားခဲ့ကြောင်း သိရသည်။ အဆိုပါ ယာဉ်တိုက်မှုကြောင့် မိခင်ဖြစ်သူမှာ ပြင်းထန်ဒဏ်ရာများရရှိကာ ဆေးရုံသို့ ပို့ဆောင်စဉ်အတွင်း သေဆုံးသွားခဲ့ပြီး၊ ဒဏ်ရာရရှိခဲ့သည့် ကလေးငယ်ကိုမူ ဝန်းရံမှူး လူမှုကူညီကယ်ဆယ်ရေးအသင်းက မြောက်ဥက္ကလာပဆေးရုံသို့ ပို့ဆောင်ကူညီပေးထားကြောင်း သိရသည်။ လက်ရှိတွင် သေဆုံးသူ အမျိုးသမီး၏ ရုပ်အလောင်းကို မိသားစုထံ လွှဲပြောင်းပေးအပ်ထားပြီး ကျီစုသုဿန်၌ မီးသင်္ဂြိုဟ်သွားမည်ဖြစ်ကြောင်း သိရသည်။

news-view-count-icon

20