မြန်မာနိုင်ငံအနေဖြင့် ရေရှည်တည်တံ့သော ဆင်းရဲမှုလျှော့ချရေးကို အားပေးကြောင်း ထပ်လောင်းအတည်ပြုတရုတ်ပြည်သူ့ သမ္မတနိုင်ငံ၊ စိုက်ပျိုးရေးနှင့်ကျေးလက်ရေးရာဝန်ကြီးဌာန (Ministry of Agriculture and Rural Affairs-MARA) က ကြီးမှူး၍ ကမ္ဘာလုံးဆိုင်ရာ ဆင်းရဲနွမ်းပါးမှုလျှော့ချရေးနှင့် ဖွံ့ဖြိုးရေးဖိုရမ် (GPPAD Forum) ကို တရုတ်ပြည်သူ့သမ္မတနိုင်ငံ ပေကျင်းမြို့၌ မေ ၂၇ ရက်မှ ၂၈ ရက်အထိ Beijing International Convention Center တွင် ကျင်းပခဲ့ကြောင်း သိရသည်။အဆိုပါ ဖိုရမ်ကို သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမျိုးဇော်သိမ်း ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့ တက်ရောက်ခဲ့ကြောင်း သိရသည်။ဖိုရမ်ဆွေးနွေးပွဲတွင် တက်ရောက် လာကြသည့် ဝန်ကြီးများ၊ ဒုတိယဝန်ကြီးများနှင့် ကိုယ်စားလှယ်များ က အုပ်စုခွဲ၍ ခေါင်းစဉ်အသီးသီး ဖြင့် မိန့်ခွန်းပြောကြားခဲ့ခြင်းဖြစ်သည်။
May 30 • 9:50 AM
မြန်မာ
ပြည်ပ
မျှဝေမည်
| 21 | 0 | 0 | 0 |


