back

Forbes မဂ္ဂဇင်း၏ တန်ဖိုးအမြင့်ဆုံး ဘောလုံးကလပ်စာရင်းတွင် ရီးယဲလ်မက်ဒရစ်အသင်း ငါးနှစ်ဆက် ထိပ်ဆုံးမှ ရပ်တည်

May 30 • 9:48 AM

breaking-news

မြန်မာ

ပြည်ပ

cover

Forbes မဂ္ဂဇင်း၏ တန်ဖိုးအမြင့်ဆုံး ဘောလုံးကလပ်စာရင်းတွင် ရီးယဲလ်မက်ဒရစ်အသင်း ငါးနှစ်ဆက် ထိပ်ဆုံးမှ ရပ်တည်

အမေရိကန် စီးပွားရေးမဂ္ဂဇင်း Forbes က ထုတ်ပြန်သည့် တန်ဖိုးအမြင့်ဆုံး ဘောလုံးကလပ်အသင်းများ စာရင်းတွင် ရီးယဲလ်မက်ဒရစ်အသင်းက ယမန်နှစ် (၆.၇၅ ဘီလျံ) ထက် များစွာမြင့်တ...

အမေရိကန် စီးပွားရေးမဂ္ဂဇင်း Forbes က ထုတ်ပြန်သည့် တန်ဖိုးအမြင့်ဆုံး ဘောလုံးကလပ်အသင်းများ စာရင်းတွင် ရီးယဲလ်မက်ဒရစ်အသင်းက ယမန်နှစ် (၆.၇၅ ဘီလျံ) ထက် များစွာမြင့်တက်လာသော ဒေါ်လာ ၉.၅ ဘီလျံဖြင့် ထိပ်ဆုံးနေရာ၌ ငါးနှစ်ဆက်တိုက် ရပ်တည်နိုင်ခဲ့ကြောင်း သိရသည်။ ဒုတိယနေရာတွင် ဘာစီလိုနာ (၇.၅ ဘီလျံ) က မန်ယူနိုက်တက် (၇.၂ ဘီလျံ) ကို ကျော်ဖြတ်ကာ ရောက်ရှိလာပြီး၊ ၎င်းတို့နောက်တွင် လီဗာပူးလ်၊ PSG၊ ဘိုင်ယန်မြူးနစ်၊ မန်စီးတီး၊ အာဆင်နယ်၊ ချယ်လ်ဆီးနှင့် စပါးအသင်းတို့က အဆင့်လိုက် အသီးသီး ရပ်တည်နေကြသည်။ ယခုနှစ် ထိပ်ဆုံး ၁၀ သင်းစာရင်းတွင် ပရီးမီးယားလိဂ် Big Six ခြောက်သင်းလုံး ပါဝင်ခဲ့ပြီး စုစုပေါင်း ၃၀ သင်းစာရင်းတွင် ပရီးမီးယားလိဂ်မှ ၁၁ သင်းအထိ ပါဝင်ခဲ့သော်လည်း၊ လာလီဂါမှမူ ထိပ်ဆုံးနှစ်သင်းအပြင် အက်သလက်တီကို (အဆင့် ၁၁) တစ်သင်းသာ ပါဝင်ခဲ့သည်။ လက်ရှိ ထိပ်ဆုံး ၃၀ သင်း၏ ပျမ်းမျှတန်ဖိုးမှာ ဒေါ်လာ ၂.၉ ဘီလျံရှိပြီး ယင်းပမာဏမှာ ၂၀၂၅ ခုနှစ်ကထက် ၂၁ ရာခိုင်နှုန်း မြင့်တက်လာခြင်းဖြစ်ကြောင်း သိရသည်။

news-view-count-icon

23