back

ပြည်တွင်းရှိကလေးငယ်တိုင်း စာသင်ကြားနိုင်ရေး မိဘပြည်သူများဝိုင်းဝန်းပူးပေါင်း ဆောင်ရွက်ပေးကြရန်တိုက်တွန်း

May 30 • 6:41 AM

breaking-news

မြန်မာ

ပြည်တွင်း

breaking-news
cover

ပြည်တွင်းရှိကလေးငယ်တိုင်း စာသင်ကြားနိုင်ရေး မိဘပြည်သူများဝိုင်းဝန်းပူးပေါင်း ဆောင်ရွက်ပေးကြရန်တိုက်တွန်း

ကျောင်းနေရွယ် ကလေးငယ်တိုင်း စာသင်ကြားနိုင်ရေးသက်ဆိုင်ရာတာဝန်ရှိသူများနှင့် မိဘပြည်သူများဝိုင်းဝန်းပူးပေါင်း ဆောင်ရွက်ပေးကြပါရန်မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အ...

ကျောင်းနေရွယ် ကလေးငယ်တိုင်း စာသင်ကြားနိုင်ရေးသက်ဆိုင်ရာတာဝန်ရှိသူများနှင့် မိဘပြည်သူများဝိုင်းဝန်းပူးပေါင်း ဆောင်ရွက်ပေးကြပါရန်မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်က သတင်းထုတ်ပြန်ချက်တစ်ရပ်ထုတ်ပြန်၍အသိပေးတိုက်တွန်းထားသည်။ ပညာသင်ကြားခွင့်သည် လူသားတိုင်းရရှိရမည့် အခြေခံအခွင့်အရေးဖြစ်ပြီး ပညာသင်ကြားခွင့်နှင့် စပ်လျဉ်း၍ ကမ္ဘာ့လူ့အခွင့်အရေးကြေညာ စာတမ်းအပိုဒ် ၂၆(၁)နှင့် မြန်မာနိုင်ငံက ပါဝင်ချုပ်ဆိုထားသည့် ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ သဘောတူစာချုပ် အပိုဒ် ၂၈ နှင့် ၂၉ တို့တွင် ဖော်ပြထားပြီး ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈ ခုနှစ်) ပုဒ်မ ၃၆၆၊ ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ဥပဒေပုဒ်မ ၄၆၊ ၄၇ နှင့် မသန်စွမ်းသူများ၏ အခွင့်အရေးဥပဒေ ပုဒ်မ ၂၀ မှ ၂၅ အထိတို့တွင် အတိအလင်းပြဋ္ဌာန်း ထား ကြောင်း ယင်းထုတ်ပြန်ချက်၌ဖော်ပြထားသည်။

news-view-count-icon

40