ဘရာဇီးအစိုးရ အနေဖြင့်တရားမဝင် သတ္တုတူးဖော်ရေး လုပ်ငန်းများကို နှိမ်နင်းနေသည့်တိုင်အမေရိကန် ဒေါ်လာ ဘီလီယံနှင့်ချီ တန်ဖိုးရှိသည့် ရွှေသတ္တုများကို အမေဇုန်မိုးသစ်တောဒေသ၌ တရားမဝင်တူးဖော်ရယူနေကြဆဲဖြစ်ကြောင်း ဂရင်းပိစ်သဘာ၀ပတ်ဝန်းကျင်ထိန်းသိမ်းရေးအဖွဲ့က မေ ၂၉ ရက်တွင် ထုတ်ပြန်သော အစီရင်ခံစာ၌ ဖော်ပြထားသည်။ဂရင်းပိစ်အဖွဲ့၏လေ့လာချက်အရ ၂၀၁၈ ခုနှစ်နှင့် ၂၀၂၆ ခုနှစ် မတ်လအကြားကာလအတွင်း ဘရာဇီးမိုးသစ်တောဒေသများမှ တရားမဝင်တူးဖော်ရယူခဲ့ကြသော ရွှေသတ္တုပမာဏမှာ ၂၆ ဒသမ ၈ မက်ထရစ်တန် အထိရှိခဲ့ပြီး တန်ဖိုးအားဖြင့် အမေရိကန်ဒေါ်လာ ၃ ဒသမ ၈၈ ဘီလီယံအထိရှိခဲ့ကြောင်းသိရသည်။ဘရာဇီးသမ္မတ လူလာဒါဆေးဗားသည် ၂၀၂၉ ခုနှစ်တွင် သမ္မတရာထူးရယူခဲ့ပြီးနောက် အမေဇုန်မိုး
သစ်တောဌာနေ တိုင်းရင်းသားနယ်မြေများနှင့် ကြိုးဝိုင်းသစ်တောနယ်မြေများ၌ တရားမဝင်ရွှေတူးဖော် မှုများကိုနှိမ်နင်းရန်ကြိုးပမ်းခဲ့သည်။
အမေဇုန်မိုးသစ်တောဒေသမှ တရားမဝင်ရွှေတွင်းများကတူးဖော်ရယူနေကြသော ရွှေပမာဏမှာ ကာလပေါက်ဈေးအား အမေရိကန်ဒေါ်လာ ဘီလီယံနှင့်ချီ ရှိနေဆဲဖြစ်ကြောင်း ဂရင်းပိစ်အဖွဲ့ အစီရင်ခံစာ၌ ဖော်ပြထားသည်။ဂရင်းပိစ်အဖွဲ့သည် ဘရာဇီးအာဏာပိုင်များက ရွှေတူးဖော်ခွင့်လိုင်စင်များချပေးထားသော အမေ
ဇုန်ဒေသသစ်တောနယ်မြေ ၁၈၇ ခုတို့ကို လေ့လာဆန်းစစ်ခဲ့ပြီးနောက်၎င်း၏ အစီရင်ခံစာကို ထုတ်ပြန်ခဲ့ကြခြင်း ဖြစ်သည်။



