back

ဟော်မုဇ်ရေလက်ကြား ပြန်လည်ဖွင့်လှစ်ရန် အမေရိကန်သမ္မတထရမ့်မှ တောင်းဆို

May 30 • 5:50 AM

breaking-news

မြန်မာ

ပြည်ပ

cover

ဟော်မုဇ်ရေလက်ကြား ပြန်လည်ဖွင့်လှစ်ရန် အမေရိကန်သမ္မတထရမ့်မှ တောင်းဆို

သမ္မတထရမ့်က အီရန်နဲ့ သဘောတူညီချက်ကို မကြာမီ ဆုံးဖြတ်မယ်လို့ ပြောကြားခဲ့သလို ဟော်မုဇ်ရေလက်ကြားကိုလည်း ပြန်လည်ဖွင့်လှစ်ဖို့ တောင်းဆိုခဲ့တယ်လို့ Reuters သတင်းမှာဖေ...

သမ္မတထရမ့်က အီရန်နဲ့ သဘောတူညီချက်ကို မကြာမီ ဆုံးဖြတ်မယ်လို့ ပြောကြားခဲ့သလို ဟော်မုဇ်ရေလက်ကြားကိုလည်း ပြန်လည်ဖွင့်လှစ်ဖို့ တောင်းဆိုခဲ့တယ်လို့ Reuters သတင်းမှာဖော်ပြထားပါတယ်။ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က မေလ ၂၉ ရက်မှာ အီရန်နဲ့ အပစ်အခတ်ရပ်စဲရေးကို တိုးချဲ့ဖို့ အဆိုပြုထားတဲ့ သဘောတူညီချက်ကို မကြာမီ ဆုံးဖြတ်မယ်လို့ ပြောကြားခဲ့ပေမဒြ နှစ်နိုင်ငံဟာ အဓိကကျတဲ့ ကိစ္စရပ်တွေမှာ သဘောထားကွဲလွဲနေဆဲဖြစ်ပါတယ်။အမေရိကန်နဲ့ အီရန်တို့ဟာ အပစ်အခတ်ရပ်စဲရေးကာလကို ရက် ၆၀ အထိ တိုးမြှင့်ခဲ့ပြီး နျူကလီးယား အစီအစဉ်တွေနဲ့ ပတ်သက်လို့ ဆွေးနွေးမှုတွေ စတင်နေပေမဲ့ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က နောက်ဆုံး အတည်ပြုချက်လုပ်ဖို့ ကျန်သေးတာဖြစ်ပါတယ်။ ရက် ၆၀ MoU ထဲမှာ ဟောမုဇ် ရေလက်ကြားမှာ ကန့်သတ်မှုတွေ ဖယ်ရှားဖို့ပါဝင်မယ်လို့ သတင်းတွေက ဖော်ပြပါတယ်။အမေရိကန်အရာရှိတစ်ဦးကတော့ ဟော်မုဇ်ရေလက်ကြားမှာ အခွန်ကောက်တာ၊ နှောင့်ယှက်တာမျိုး မရှိဘူးလို့ ပြောထားပြီး အီရန်က ရက် ၃၀ အတွင်း မိုင်းတွေအားလုံး ရှင်းလင်းထားရမယ်လို့ ဆိုပါတယ်။အီရန်ဆိပ်ကမ်းတွေ အားလုံးကို ပိတ်ဆို့ထားတဲ့ အမေရိကန်ရဲ့ ပိတ်ဆို့မှုအားလုံးကို ဖယ်ရှားဖို့ ကိစ္စကတော့ ကုန်သွယ်ရေးသင်္ဘောတွေ ပြန်လည်ဖြတ်သန်းတာနဲ့ သက်ဆိုင်မယ်လို့လည်း ပြောပါတယ်။


news-view-count-icon

20