မွန်ပြည်နယ် စက်သုံးဆီဈေးနှင့် ပတ်သတ်ပြီး လွှတ်တော်ကိုယ်စားလှယ်များအနေဖြင့် လွှတ်တော်သို့ တင်ပြသင့်ဟု ဒေသခံများက တောင်းဆိုကြကြောင်း သိရသည်။မြန်မာနိုင်ငံအတွင်း တိုင်းနှင့် ပြည်နယ်အသီးသီးတွင်
စက်သုံးဆီ ရည်ညွန်းဈေးနှုန်းအရ မွန်ပြည်နယ် စက်သုံးဆီဈေးနှုန်းမှာ အမြင့်ဆုံး၌ ရှိနေကြောင်း ဒေသခံတစ်ဦးက ပြောသည်။ဆီတင်ဆိပ်ကမ်းလည်းရှိနေတာကို ဘားအံထက်ရော မြစ်ကြီးနားထက်ရော ဈေးကြီးနေတယ်။ အဲကိစ္စနဲ့ ပတ်သတ်ပြီး ပြည်သူတွေက ပြောနေတာပဲ။ ကိုယ်စားလှယ်တွေ မကြားဘဲတော့ မနေပါဘူး"ဟု ၎င်းက ပြောသည်။ထို့ကြောင့် သက်ဆိုင်ရာ လွှတ်တော်ကိုယ်စားလှယ်များအနေဖြင့် လွှတ်တော်သို့ တင်ပြသင့်ကြောင်း ဒေသခံများက ပြောဆိုသည်။
စက်သုံးဆီရည်ညွန်းဈေးနှုန်းအရ မွန်ပြည်နယ်၏ ဓါတ်ဆီ ၉၂ တစ်လီတာဈေးနှုန်းမှာ ၄,၈၁၀ ကျပ်ဖြစ်ပြီး၊ ကရင်ပြည်နယ်၏ ဈေးနှုန်းထက် ၁၅၀ ကျပ် ပိုများနေပြီး၊ မွန်ပြည်နယ်၏ ဓါတ်ဆီ ၉၅ တစ်လီတာဈေးနှုန်းမှာ ၄,၉၁၅ ကျပ်ဖြစ်ပြီး ကရင်ပြည်နယ်၏ ဈေးနှုန်းထက် ၁၈၀ ကျပ် ပိုများနေကြောင်းတွေ့ရသည်။မွန်ပြည်နယ်၏ ဒီဇယ်ဆီ(ရိုးရိုး) တစ်လီတာဈေးနှုန်းမှာ ၅,၁၆၀ ကျပ်ဖြစ်ပြီး ကရင်ပြည်နယ်၏ ဈေးနှုန်းထက် ၄၆၀ ကျပ် ပိုများနေကြောင်းနှင့် မွန်ပြည်နယ်၏ ဒီဇယ်ဆီ(ပရီမီယံ) တစ်လီတာဈေးနှုန်းမှာ ၅,၈၅၀ ကျပ်ဖြစ်ပြီး ကရင်ပြည်နယ်၏ ဈေးနှုန်းထက် ၁၈၅ ကျပ် ပိုများနေကြောင်း တွေ့ရသည်။



