back

ရှမ်းပြည်၊ပန်ဆန်းတွင် ၂ လောင်းပြိုင် လူသတ်မှုဖြစ်ပွားခဲ့

May 30 • 5:30 AM

breaking-news

မြန်မာ

ရှမ်း

breaking-news
cover

ရှမ်းပြည်၊ပန်ဆန်းတွင် ၂ လောင်းပြိုင် လူသတ်မှုဖြစ်ပွားခဲ့

“ဝ” ဒေသ ပန်ဆန်းတွင် ယမန်နေ့ နံနက်ပိုင်းက ၂ လောင်းပြိုင်လူသတ်မှု ဖြစ်ပွားခဲ့ကြောင်း သတင်းရင်းမြစ်များထံမှ သိရသည်။ယင်းဖြစ်စဉ်မှာ ယမန်နေ့ မေ ၂၉ ရက် နံနက်ပိုင်းက UW...

“ဝ” ဒေသ ပန်ဆန်းတွင် ယမန်နေ့ နံနက်ပိုင်းက ၂ လောင်းပြိုင်လူသတ်မှု ဖြစ်ပွားခဲ့ကြောင်း သတင်းရင်းမြစ်များထံမှ သိရသည်။

ယင်းဖြစ်စဉ်မှာ ယမန်နေ့ မေ ၂၉ ရက် နံနက်ပိုင်းက UWSA ထိန်းချုပ်ဒေသ၊ မိုင်းမောမြို့နယ်၊ ယင်ပန် ကျေးရွာတွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း သတင်းရင်းမြစ်က ပြောသည်။"ဘာကြောင့်ဆိုတာတော့ မသိဘူး၊ ယင်ပန်ကျေးရွာ ဈေးဆိုင်ခန်း လူမြင်ကွင်းမှာ ဖြစ်သွားတာ၊ သားအဖ ၂ ဦး လည်ပင်းတွေမှာ ဓားဒဏ်ရာတွေနဲ့ သေတာ၊ အဲ့အချိန်မိုးရွာနေပြီး လူတွေအများကြီး ရှေ့မှာကို သတ်တာ၊ လူသတ်သမားက ဓားကိုင်ပြီးသွားတာ တွေ့ရတယ်၊ ပြီးတော့ကားနဲ့ ထွက်ပြေးသွားတယ် သိရတယ်”ဟု သတင်းရင်းမြစ်တစ်ဦးက ဆိုသည်။

မဲခေါင်မှရရှိသည့် ရုပ်သံတွင် မိုးရွာနေသည့် စျေးလမ်းမ၌ လူအများရှေ့တွင် အသတ်ခံရသူ ၂ ဦးမှာ လဲကျနေကာ ဓားကိုင်ထားသည့် လူတစ်ဦးကို တွေ့ရပြီးနောက် မိုးတိတ်ချိန်တွင် UWSA ရဲများ အခင်းဖြစ်နေရာ၌ စစ်ဆေးစောင့်ကြပ်နေကြောင်း တွေ့ရသည်။



news-view-count-icon

53