back

Forbes ရဲ့ တန်ဖိုးအမြင့်ဆုံးကလပ်စာရင်းမှာ ရီးယဲလ်အသင်း ထိပ်ဆုံးမှာ ငါးနှစ်ဆက်ရပ်တည်

May 30 • 4:20 AM

breaking-news

မြန်မာ

ပြည်ပ

cover

Forbes ရဲ့ တန်ဖိုးအမြင့်ဆုံးကလပ်စာရင်းမှာ ရီးယဲလ်အသင်း ထိပ်ဆုံးမှာ ငါးနှစ်ဆက်ရပ်တည်

အမေရိကန်စီးပွားရေးမဂ္ဂဇင်း Forbes က ထုတ်ပြန်တဲ့ တန်ဖိုးအမြင့်ဆုံးကလပ်စာရင်းမှာ ရီးယဲလ်မက်ဒရစ်အသင်းက ထိပ်ဆုံးနေရာမှာ ငါးနှစ်ဆက်ရပ်တည်ခဲ့ပါတယ်။ရီးယဲလ်အသင်းဟာ ဒေါ်...

အမေရိကန်စီးပွားရေးမဂ္ဂဇင်း Forbes က ထုတ်ပြန်တဲ့ တန်ဖိုးအမြင့်ဆုံးကလပ်စာရင်းမှာ ရီးယဲလ်မက်ဒရစ်အသင်းက ထိပ်ဆုံးနေရာမှာ ငါးနှစ်ဆက်

ရပ်တည်ခဲ့ပါတယ်။ရီးယဲလ်အသင်းဟာ ဒေါ်လာ ၉.၅ ဘီလျံနဲ့ ထိပ်ဆုံးနေရာမှာ ရှိခဲ့ပြီး ယမန်နှစ် ၆.၇၅ ဘီလျံနဲ့ ယှဉ်ရင် များစွာ မြင့်တက်လာခဲ့တယ်။ဘာစီလိုနာအသင်းကတော့ မန်ယူနိုက်တက်ကို ကျော်ဖြတ်ကာ ဒုတိယနေရာကို ရောက်လာခဲ့ပါတယ်။ရီးယဲလ်အသင်းနောက်မှာ ဘာစီလိုနာ(၇.၅ ဘီလျံ)၊ မန်ယူနိုက်တက်(၇.၂ ဘီလျံ)၊ လီဗာပူးလ်(၆.၂ ဘီလျံ)၊ PSG(၅.၈ ဘီလျံ)၊ ဘိုင်ယန်

မြူးနစ်(၅.၇ ဘီလျံ)၊ မန်စီးတီး(၅.၅ ဘီလျံ)၊ အာဆင်နယ်(၅.၄ ဘီလျံ)၊ ချယ်လ်ဆီး(၄.၂ ဘီလျံ)၊ စပါး(၃ ဘီလျံ)တို့ အစဉ်လိုက် ရပ်တည်

ခဲ့ပါတယ်။ထိပ်ဆုံး ၁၀ သင်းစာရင်းမှာ ပရီးမီးယားလိဂ် Big Six ခြောက်သင်း ပါဝင်ခဲ့ပြီး ၃၀ သင်းမှာတော့ ၁၁ သင်းအထိ စာရင်းဝင်ခဲ့ပါတယ်။

လာလီဂါထိပ်သီးကလပ် နှစ်သင်းက ထိပ်ဆုံးနှစ်နေရာကို ရယူနိုင်ခဲ့ပေမဲ့ ထိပ်ဆုံး ၃၀ သင်းစာရင်းမှာ လာလီဂါက အက်သလက်တီကို

(အဆင့် ၁၁)တစ်သင်းသာ ပါဝင်ခဲ့ပါတယ်။

ထိပ်ဆုံး ၃၀ သင်းရဲ့ ပျမ်းမျှတန်ဖိုးမှာ ဒေါ်လာ ၂.၉ ဘီလျံရှိကာ ၂၀၂၅ ခုနှစ်က ဒေါ်လာ ၂.၄ ဘီလျံထက် ၂၁ ရာခိုင်နှုန်း မြင့်တက်လာခဲ့

ပါတယ်။


news-view-count-icon

26