ပေါ်တူဂီဝါရင့်နည်းပြ မော်ရင်ဟိုဟာ ရီးယဲလ်မက်ဒရစ်အသင်းနဲ့ သုံးနှစ်သက်တမ်းရှိစာချုပ်ကို လက်မှတ်ရေးထိုးခဲ့ပါတယ်။မော်ရင်ဟိုအား ရီးယဲလ်နည်းပြသစ်အဖြစ် တရားဝင်ကြေညာမှုကို ဇွန်လ ၇ ရက်မှာပြုလုပ်မယ့် ရီးယဲလ်အသင်းဥက္ကဋ္ဌ
ရွေးကောက်ပွဲပြီးမှ ပြုလုပ်ဖွယ်ရှိပါတယ်။
လက်ရှိအသင်းဥက္ကဋ္ဌ ဖလော်ရန်တီနိုပီရက်ဇ် ဆက်လက်ရွေးကောက်ခံရမှသာ မော်ရင်ဟိုကိုခန့်အပ်မှု သေချာမှာဖြစ်ပါတယ်။မော်ရင်ဟို(၆၃ နှစ်)ဟာ လက်ရှိမှာ ပေါ်တူဂီကလပ် ဘင်ဖီကာအသင်းနဲ့ လမ်းခွဲခဲ့ပြီးဖြစ်တယ်။၎င်းဟာ ရီးယဲလ်မက်ဒရစ်အသင်းကို ၂၀၁၀ ကနေ ၂၀၁၃ ခုနှစ်အထိ ကိုင်တွယ်ခဲ့ပြီး လာလီဂါဖလား၊ စပိန်ဘုရင့်ဖလားနဲ့ စပိန်စူပါဖလားတွေရယူပေးခဲ့ပါတယ်။ရီးယဲလ်အသင်းဟာ အခုရာသီမှာလည်း ဖလားလက်မဲ့ဖြစ်ခဲ့ပြီး နှစ်ရာသီဆက် ရာသီကုန် ဖလားလက်မဲ့ ဖြစ်ခဲ့ရပါတယ်။



