back

ကနေဒီစင်တာကနေ ထရမ့်ရဲ့နာမည်ကို ဖယ်ရှားဖို့ အမေရိကန်တရားသူကြီး အမိန့်ထုတ်လာ

May 30 • 2:15 AM

breaking-news

မြန်မာ

ပြည်ပ

cover

ကနေဒီစင်တာကနေ ထရမ့်ရဲ့နာမည်ကို ဖယ်ရှားဖို့ အမေရိကန်တရားသူကြီး အမိန့်ထုတ်လာ

ပြီးခဲ့တဲ့ သောကြာနေ့တုန်းက တရားသူကြီးတစ်ယောက်က ဝါရှင်တန်မြို့မှာရှိတဲ့ နာမည်ကြီး ကနေဒီစင်တာ(Kennedy Centre for the Performing Arts) အနုပညာခန်းမကြီးမှာ သမ္မတ ဒေါ...

ပြီးခဲ့တဲ့ သောကြာနေ့တုန်းက တရားသူကြီးတစ်ယောက်က ဝါရှင်တန်မြို့မှာရှိတဲ့ နာမည်ကြီး ကနေဒီစင်တာ(Kennedy Centre for the Performing Arts) အနုပညာခန်းမကြီးမှာ သမ္မတ ဒေါ်နယ်ထရမ့်ရဲ့ နာမည်ဖြည့်စွက်ထားတာကို ဖယ်ရှားပစ်ဖို့ အမိန့်ပေးလိုက်ပါတယ်။ လွှတ်တော်ရဲ့ ခွင့်ပြုချက်မပါဘဲ ဒီခန်းမကြီးရဲ့ နာမည်ကို ပြောင်းလဲလို့မရဘူးလို့ တရားသူကြီးက ဆုံးဖြတ်ခဲ့တာပါ။ဝါရှင်တန်ဒီစီက ဖက်ဒရယ်တရားသူကြီး ခရစ္စတိုဖာ ကူးပါး(Christopher Cooper) က ထရမ့်အစိုးရအဖွဲ့အနေနဲ့ ကနေဒီစင်တာမှာ တပ်ထားတဲ့ ထရမ့်နာမည်ပါတဲ့ ဆိုင်းဘုတ်တွေအားလုံးကို ဖြုတ်ချဖို့နဲ့ ရုံးသုံးစာရွက်စာတမ်းတွေထဲက "ထရမ့် ကနေဒီစင်တာ" ဆိုတဲ့ အသုံးအနှုန်းတွေကို ၁၄ ရက်အတွင်း အပြီးဖယ်ရှားဖို့ အမိန့်ထုတ်ပြန်လိုက်ပါတယ်။


news-view-count-icon

30