မြန်မာအမျိုးသားလက်ရွေးစင်ဘောလုံးအသင်းဟာ ဇွန်လအတွင်းမှာ ဖိလစ်ပိုင်နိုင်ငံမှာ ကျင်းပမယ့် သုံးနိုင်ငံဖိတ်ခေါ် ခြေစမ်းပွဲ ဝင်ရောက်ယှဉ်ပြိုင်ကစားဖို့ လေ့ကျင့်ပြင်ဆင်မှုတွေ ပြုလုပ်နေပါတယ်။အဆိုပါ ဖိတ်ခေါ်ပွဲကို ဖိလစ်ပိုင်နိုင်ငံ၊ မနီလာမြို့က ရာဇာမန်မိုရီရယ်ကွင်းမှာ ဇွန်လ ၃ရက်ကနေ ၉ရက်အထိ အိမ်ရှင် ဖိလစ်ပိုင်၊ မြန်မာနဲ့ ဂူအမ်တို့ ပါဝင်မှာဖြစ်ပြီး ဇွန်လ ၃ရက်မှာ ဖိလစ်ပိုင်နဲ့ ဂူအမ်၊ ဇွန်လ ၆ရက်မှာ ဂူအမ်နဲ့ မြန်မာ၊ ဇွန်လ ၉ရက်မှာ ဖိလစ်ပိုင်နဲ့ မြန်မာ တို့ ယှဉ်ပြိုင်ကစားကြမှာပါ။မြန်မာအသင်းဟာ ယင်းဖိတ်ခေါ်ပြိုင်ပွဲ ယှဥ်ပြိုင်ဖို့ မေလ ၃ ရက်မှာ ဖိလစ်ပိုင်နိုင်ငံကို ထွက်ခွာမယ်လို့ သိရပါတယ်။



