စစ်ကိုင်းတိုင်း၊ အရာတော်မြို့တွင် လာမည့်နယုန်လပြည့်နေ့ နံနက်ပိုင်း၌ မြို့ပေါ်ရပ်ကွက်နှင့် ဂေါဇဂါန်ရွာများမှ သံဃာတော်အပါး ၂၀၀ ကျော်အား ရိုးရာအစဉ်အလာမပျက် ဖက်ခွက်များဖြင့် ဆွမ်းဟင်းနှင့် လှူဖွယ်ပစ္စည်းများ လောင်းလှူသွားမည်ဖြစ်ကြောင်း သိရသည်။ ယင်းသို့ လောင်းလှူနိုင်ရန်အတွက် လုပ်အားကုသိုလ်ရှင်များက အရာတော်မြို့ရှိ ချမ်းသာကြီးစေတီတော်အတွင်းမှ ဗန်ဒါရွက်များကိုခူးယူကာ ယနေ့ (မေလ ၂၉ ရက်) တွင် ဖက်ခွက်ပေါင်း ၅,၀၀၀ ကျော်ကို ပြုလုပ်၍ အလှူရှင်များထံ လိုက်လံပို့ဆောင်ပေးခဲ့ကြကြောင်း မြို့နယ်ဂေါပကအဖွဲ့ဝင်တစ်ဦး၏ ပြောကြားချက်အရ သိရသည်။
စစ်ကိုင်းတိုင်း၊ အရာတော်မြို့တွင် နယုန်လပြည့်နေ့၌ ရိုးရာအစဉ်အလာအတိုင်း ဖက်ခွက်များဖြင့် ဆွမ်းဟင်းလောင်းလှူပွဲ ကျင်းပမည်
May 29 • 1:18 PM
မြန်မာ
စစ်ကိုင်း
မျှဝေမည်
| 18 | 0 | 0 | 0 |


