back

ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာ-မြောင်းမြကားလမ်းတွင် Mini Bus ယာဉ်တစ်စီး သစ်ပင်ဝင်တိုက်မိ၍ လူ ၁၄ ဦး ထိခိုက်ဒဏ်ရာရရှိ

May 29 • 12:41 PM

breaking-news

မြန်မာ

ဧရာ၀တီ

cover

ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာ-မြောင်းမြကားလမ်းတွင် Mini Bus ယာဉ်တစ်စီး သစ်ပင်ဝင်တိုက်မိ၍ လူ ၁၄ ဦး ထိခိုက်ဒဏ်ရာရရှိ

ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာမြို့နယ်၊ အောက်ချောင်းကျေးရွာအနီးရှိ လပွတ္တာ-မြောင်းမြကားလမ်း မိုင်တိုင်အမှတ် (၂/၃) နှင့် (၂/၄) ကြားတွင် ယနေ့ (မေလ ၂၉ ရက်) ညနေ ၄ နာရ...

ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာမြို့နယ်၊ အောက်ချောင်းကျေးရွာအနီးရှိ လပွတ္တာ-မြောင်းမြကားလမ်း မိုင်တိုင်အမှတ် (၂/၃) နှင့် (၂/၄) ကြားတွင် ယနေ့ (မေလ ၂၉ ရက်) ညနေ ၄ နာရီ ၁၅ မိနစ်အချိန်ခန့်က FUSO Mini Bus ယာဉ်တစ်စီး မောင်းနှင်လာစဉ် အရှိန်မထိန်းနိုင်ဘဲ လမ်းဘေးသစ်ပင်အား ဝင်ရောက်တိုက်မိသည့် ဖြစ်ပွားခဲ့ကြောင်း သိရသည်။ အဆိုပါ ယာဉ်တိုက်မှုဖြစ်စဉ်ကြောင့် ယာဉ်ပေါ်တွင် လိုက်ပါလာသူ စုစုပေါင်း ၂၀ ဦးအနက် အမျိုးသား ၉ ဦးနှင့် အမျိုးသမီး ၅ ဦး (စုစုပေါင်း ၁၄ ဦး) မစိုးရိမ်ရ ထိခိုက်ဒဏ်ရာများ ရရှိခဲ့သဖြင့် လပွတ္တာခရိုင်မီးသတ်စခန်းမှ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များက သွားရောက်၍ ကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်ပေးခဲ့ပြီး၊ ဒဏ်ရာရရှိသူများကို နှလုံးသားလူမှုကူညီရေးအသင်းနှင့် ဂရုဏာလူမှုကူညီရေးအသင်းတို့မှ လူနာတင်ယာဉ်များဖြင့် (၃)မိုင်မြို့ရှိ ကုတင် (၂၀၀) ပြည်သူ့ဆေးရုံသို့ ကူညီပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။

news-view-count-icon

23