back

မန္တလေးတိုင်း၊ ညောင်ဦးမြို့နယ်ရှိ အာနန္ဒာဘုရား၏ ကွမ်းတောင်တော်ကြီးနှင့် အရံစေတီ (၄)ဆူကို ရွှေသင်္ကန်းကပ်လှူပြီး အနေကဇာတင်

May 29 • 12:39 PM

breaking-news

မြန်မာ

မန္တလေး

cover

မန္တလေးတိုင်း၊ ညောင်ဦးမြို့နယ်ရှိ အာနန္ဒာဘုရား၏ ကွမ်းတောင်တော်ကြီးနှင့် အရံစေတီ (၄)ဆူကို ရွှေသင်္ကန်းကပ်လှူပြီး အနေကဇာတင်

မန္တလေးတိုင်း၊ ညောင်ဦးမြို့နယ်၊ ပုဂံရှေးဟောင်းယဉ် ကျေးမှုနယ်မြေရှိ အာနန္ဒာမြတ်စွာဘုရားကြီး၏ ကွမ်းတောင်တော်ကြီးနှင့် အရံစေတီ(၄)ဆူကို ရွှေသင်္ကန်း ကပ်လှူပြီး၍ ယနေ...

မန္တလေးတိုင်း၊ ညောင်ဦးမြို့နယ်၊ ပုဂံရှေးဟောင်းယဉ် ကျေးမှုနယ်မြေရှိ အာနန္ဒာမြတ်စွာဘုရားကြီး၏ ကွမ်းတောင်တော်ကြီးနှင့် အရံစေတီ(၄)ဆူကို ရွှေသင်္ကန်း ကပ်လှူပြီး၍ ယနေ့ မေ ၂၉ ရက်နံနက်ပိုင်းတွင် ဗုဒ္ဓဘိသေကအနေကဇာတင်လှူပူဇော်ခဲ့ကြောင်း သိရသည်။နိုင်ငံတော်ဩဝါဒစရိယ မန္တလေးမြို့၊ မြတောင်ကျောင်းတိုက် အဓိပတိမဟာနာယကသာယာဝင်းကျောင်း ‌‌‌‌‌‌ဆရာတော်နှင့် ကြွရောက်တော်မူလာကြသည့် ဆရာတော်၊ သံဃာတော်များက အနေကဇာတင်လှူခဲ့ကြကြောင်း သိရသည်။ထို့နောက် အောင်ပွဲမင်္ဂလာကိုဆင်ယင်ကျင်းပပြီး ဆ ရာတော်၊ သံဃာတော်(၄၅)ပါးအား ဆွမ်းသပိတ်လုံးများလောင်းလှူခဲ့ကြကြောင်း သိရသည်။

news-view-count-icon

23