ယခုနှစ်ပထမသုံးလပတ်အတွင်း မြန်မာနိုင်ငံရှိ လူဦးရေ ၁.၆ သန်းထံသို့ လူသားချင်းစာနာမှုအကူအညီများ ပေးဝေနိုင်ခဲ့ကြောင်း ကုလသမဂ္ဂလူသားချင်းစာနာမှုဆိုင်ရာ ညှိနှိုင်းရေးရုံး (UNOCHA) က မေလ ၂၇ ရက်နေ့ ရက်စွဲဖြင့် အသိပေး ထုတ်ပြန်သည်။UNOCHA မှ ထုတ်ပြန်သည့် ၂၀၂၆ ခုနှစ် ပထမသုံးလပတ် (ဇန်နဝါရီမှ မတ်လအထိ) အစီရင်ခံစာ အရ ယခုနှစ်အတွင်း အကူအညီပေးရန် လျာထားသည့် စုစုပေါင်းလူဦးရေ ၄.၉ သန်းအနက် ၃၃ ရာခိုင်နှုန်း (လူဦးရေ ၁.၆ သန်း) ထံသို့ ရောက်ရှိအောင် ပံ့ပိုးပေးနိုင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ ထို့ပြင် အလွန်အမင်း အရေးတကြီးအကူအညီလိုအပ်နေသည့် အရေးပေါ်ဦးစားပေးအုပ်စု (Hyper-prioritized caseload) ထဲမှ လူဦးရေ ရှစ်သိန်းကျော် (၃၂ ရာခိုင်နှုန်း) ကိုလည်း အကူအညီများ ပေးအပ်နိုင်ခဲ့သည်ဟု ဖော်ပြထားသည်။
May 29 • 12:36 PM
မြန်မာ
ပြည်ပ
မျှဝေမည်
| 16 | 0 | 0 | 0 |


